မန္တလေးမြို့တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးအား လဝကအက်ဥပဒေဖြင့် အရေးယူ

မန္တလေးမြို့တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးအား လဝကအက်ဥပဒေဖြင့် အရေးယူ
Published 21 March 2018

မန္တလေးမြို့တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးအား လဝကအက်ဥပဒေဖြင့် အရေးယူထားကြောင်း ဦးသောင်းဒန် (မြို့နယ်လဝကဦးစီးမှူး)က မတ် ၂၀ ရက်တွင် ပြောကြားသည်။

မဟာအောင်မြေမြို့နယ် ၇၈ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ ပန်းခြံအတွင်း မတ် ၁၉ ရက် နံနက် ၆ နာရီအချိန်က အရက်မူးပြီး အိပ်နေသော တရုတ်နိုင်ငံသားတစ်ဦးအား မြို့မရဲစခန်း (မဟာအောင်မြေ)မှ ဒုရဲအုပ်မြို့အောင်နှင့်အဖွဲ့က တွေ့ရှိသောကြောင့် ဦးသောင်းဒန် (မြို့နယ်လဝက ဦးစီးမှူး)အဖွဲ့နှင့်အတူ စိစစ်ခဲ့ရာ လတ်တလောအခြေအနေတွင် Passport တင်ပြနိုင်ခြင်းမရှိခြင်း၊ ၎င်းသည် မတ် ၁၅ ရက် နံနက် ၈ နာရီက တရုတ်နိုင်ငံ နမ်စန်မြို့မှ ကိုးကန့်ဒေသ လောက်ကိုင်မြို့သို့ ရောက်ရှိခဲ့ပြီးနောက် ကွမ်းလုံသို့ ဆိုင်ကယ်ဖြင့်လည်းကောင်း၊ ကွမ်းလုံမှတစ်ဆင့် လားရှိုးမြို့သို့ မော်တော်ယာဉ်ဖြင့်လည်းကောင်း၊ လားရှိုးမြို့မှ မန္တလေးမြို့သို့ မော်တော်ယာဉ်ဖြင့်လည်းကောင်း ဆက်လက်ထွက်ခွာခဲ့ပြီးနောက် ကျွဲဆည်ကန်ကားကြီးကွင်းတွင် ညအိပ်ခဲ့ကြောင်း၊ မတ် ၁၇ ရက်တွင် (နေရာမမှတ်မိ) ပလက်ဖောင်းတစ်ခုတွင် ညအိပ်ခဲ့ပြီး မတ် ၁၈ ရက်တွင် ပန်းခြံအတွင်း လာရောက်အိပ်ခဲ့ခြင်းဖြစ်ကြောင်း စိစစ်ချက်အရ သိရသည်။

ယင်းတရုတ်နိုင်ငံသားအား စကားပြန်နှင့် စစ်ဆေးမေးမြန်းချက်အရ ၎င်းမှာ Chen Tong Yi (၅၇ နှစ်) ဆိုသူဖြစ်ကြောင်းသိရပြီး လတ်တလောတွင် မြို့မရဲစခန်း (မဟာအောင်မြေ)မှ (ပ)၁၇၅/၂၀၁၈၊ လဝကအက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)အရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent