တိုင်းနှင့် ပြည်နယ်ခုနစ်ခုတွင် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ လုပ်ဆောင်ရန်စီစဉ်နေဟုဆို

တိုင်းနှင့် ပြည်နယ်ခုနစ်ခုတွင် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ လုပ်ဆောင်ရန်စီစဉ်နေဟုဆို
Published 19 March 2018

ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန်စီမံကိန်းများကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

“ငါး၊ ပုစွန်မွေးမြူရေးတိုးချဲ့မှု ဦးတည်တာက ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံသားတွေ စားသုံးမှုအတွက် အခက်အခဲမရှိ စားသုံးနိုင်ဖို့။ နောက်တစ်ခုက နိုင်ငံတကာဈေးကွက်ဝင်တဲ့ ငါး၊ ပုစွန်တွေကို မွေးမြူထုတ်လုပ်နိုင်ရင် နိုင်ငံတကာ ဈေးကွက်မှာ တင်ပို့နိုင်တဲ့အတွက်ကြောင့် နိုင်ငံခြားဝင်ငွေတွေရမယ်။ ဒီလုပ်ငန်းတွေ ကျယ်ပြန့်လာတဲ့အတွက်ကြောင့် အလုပ်အကိုင်အခွင့်အလမ်းလည်း ဒီနိုင်ငံသားတွေအတွက် အများကြီးဖန်တီးပေး  နိုင်မယ်။ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းက အလားအလာကောင်းတဲ့ လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် အားပေးဖို့မူဝါဒတွေ၊ တိုးချဲ့ဆောင်ရွက်ဖို့မူဝါဒတွေ နိုင်ငံတော်အစိုးရကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က တောက်လျှောက်တင်ပြတယ်။ အခု အစိုးရအနေနဲ့လည်း ဒါကို အားပေးမယ့် အရိပ်ပြတယ်။ ထင်ထင်ရှားရှားဆိုရင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆိုရင် ရန်ကုန်တိုင်းထဲမှာ ဧက ၁၀၀၀၀ ငါးမွေးမြူရေးဇုန်တစ် ခုဖော်ထုတ်ဖို့ စီစဉ်နေတယ်။ ဒီစီမံကိန်း အစီအစဉ်ကို ပြည်ထောင်စုအစိုးရဆီ တင်ပြထားတယ်။ ပြည်ထောင်စုအစိုးရသာ ဒီမြေတွေကို မွေးမြူရေးလုပ်ငန်းမှာ သုံးခွင့်ပြုလိုက်ပြီဆိုရင် မွေးမြူရေးဇုန်တွေ ပေါ်လာတော့မယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဆိုသည်။

အဆိုပါစီမံကိန်းများကို ဆောင်ရွက်ရန် စီမံကိန်းနှင့် ဘဏ္ဍာအခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မတ် ၈ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကို တင်ပြထားလျက်ရှိပြီး ငါးလုပ်ငန်းအဖွဲ့ချုပ်က ဆိုင်ရာဒေသများကို ကွင်းဆင်းလေ့လာ ထားချက်များရှိသည်ဟု သိရသည်။

Most Read

Most Recent