လိင်အကြမ်းဖက်မှုပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ် ချမှတ်ပေးရေးအတွက် ဆန္ဒပြုခြင်းနှင့် မျှဝေဆွေးနွေးပွဲ မျှော်စင်ကျွန်းတွင် ပြုလုပ်

လိင်အကြမ်းဖက်မှုပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ် ချမှတ်ပေးရေးအတွက် ဆန္ဒပြုခြင်းနှင့် မျှဝေဆွေးနွေးပွဲ မျှော်စင်ကျွန်းတွင် ပြုလုပ်
Published 19 March 2018
 
လိင်အကြမ်းဖက်မှုပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ် ချမှတ်ပေးရေးအတွက် ဆန္ဒပြုခြင်းနှင့် မျှဝေဆွေးနွေးပွဲကို မတ် ၁၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ကျင်းပခဲ့သည်။
 
လိင်အကြမ်းဖက်မှုပပျောက်ရေး ကြီးလေးပြစ်ဒဏ် ချမှတ်ပေးပွဲတွင် လိင်အကြမ်းဖက်မှုအတွက် ပြစ်ဒဏ်တိုးမြင့်ရန် ဦးဆောင်ကြိုးပမ်းနေသော လွှတ်တော်ကိုယ်စားလှယ်များ၊ မိမိကလေးငယ် အစော်ကားခံရသည့်အပြင် အသတ်ခံခဲ့ရသော မိသားစုဝင်များ၏ စကားသံများ၊ လိင်အကြမ်းဖက်မှုခံစားရခဲ့ရသူ၏ စကားသံများ၊ လိင်အကြမ်းဖက်မှုခံရသူများကို ကူညီပေးနေသူများ၏ စကားသံများ၊ တရားဥပဒေအရ ကျွမ်းကျင်သူများစသည်တို့နှင့်အတူ ကလေးငယ်တိုင်း သိထားသင့်သည့် ကဗျာများ ရွက်ဆိုခဲ့ကြသည်။
 
ထို့ပြင် လိင်အကြမ်းဖက်မှုပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ် ချမှတ်ပေးရေးအတွက် ဆန္ဒပြုခြင်းနှင့် မျှဝေဆွေးနွေးပွဲတွင် အနုပညာရှင်များ၊ ပရဟိတအဖွဲ့များနှင့် တက်ရောက်လာသူများက အဖြူရောင်အကျီၤများဝတ်ဆင်၍ လိင်အကြမ်းဖက်မှုခံရသူများအတွက် ဖယောင်းတိုင်မီးထွန်းကာ ဆန္ဒပြုဆုတောင်းခဲ့ကြသည်။

Most Read

Most Recent