၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ အမှုတွဲပေါင်း၂၄၂ ခု ပေးပို့ထားသည့်အနက် ၁၆၇ စောင် ပြန်ကြားခဲ့

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ အမှုတွဲပေါင်း၂၄၂ ခု ပေးပို့ထားသည့်အနက် ၁၆၇ စောင် ပြန်ကြားခဲ့
Published 19 March 2018

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ အမှုတွဲပေါင်း ၂၄၂ ခု ပေးပို့ထားသည့်အနက် ၁၆၇ စောင်ပြန်ကြားခဲ့ကြောင်းနှင့် ကော်မရှင်များ၊ ဝန်ကြီးဌာန၊ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ပြည်ထောင်စ ုတရားလွှတ်တော်ချုပ်ရုံးတို့မှ ပြန်ကြားရန် အမှုတွဲ  ၇၅ စောင်ကျန်ရှိနေကြောင်း အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီက အမျိုးသားလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။

တိုင်ကြားစာများအပေါ် အရေးယူဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးတို့မှ အကြောင်းပြန်ကြားခြင်း မရှိပါက ကော်မတီအနေဖြင့် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်ဥက္ကဋ္ဌထံ ကျိုးကြောင်းဖော်ပြချက်များနှင့်တကွ တင်ပြဆောင်ရွက်ရပြီး လွှတ်တော်ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အစီရင်ခံစာ တင်သွင်းခဲ့သည်။

နှစ်နှစ်တာကာလအတွင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အမှုတွဲ ၁၇ ခု ပေးပို့ရာတွင် ၁၄ ခုပြန်ကြားခဲ့ပြီး သုံးခုကျန်ရှိနေကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ အမှုတွဲနှစ်ခုပေးပို့ရာတွင် တစ်ခုပြန်ကြားခဲ့ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနသို့ အမှုတွဲ ၂၃ ခုပေးပို့ရာတွင် ရှစ်ခု ပြန်ကြားပြီး ၁၅ ခု ကျန်ရှိနေကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနသို့ အမှုတွဲ သုံးခုပေးပို့ရာတွင် သုံးခု ပြန်ကြားခဲ့ကြောင်း၊ သာသနာရေးဝန်ကြီးဌာနသို့  အမှုတွဲနှစ်ခုပေးပို့ရာ နှစ်ခု ပြန်ကြားခဲ့ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ အမှုတွဲ ငါးခုပေးပို့ရာ လေးခုပြန်ကြားခဲ့ကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ အမှုတွဲတစ်ခု ပေးပို့ခဲ့သော်လည်း ပြန်ကြားခြင်းမရှိသေးကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ အမှုတွဲနှစ်ခုပေးပို့ခဲ့ရာ တစ်ခုပြန်ကြားခဲ့ကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ အမှုတွဲသုံးခုပေးပို့ခဲ့ရာ သုံးခုပြန်ကြားခဲ့ကြောင်း ကော်မတီ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

စက်မှုဝန်ကြီးဌာနသို့ အမှုတွဲတစ်ခု ပေးပို့ရာ တစ်ခုပြန်ကြားခဲ့ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ အမှုတွဲ နှစ်ခုပေးပို့ခဲ့ရာ တစ်ခုပြန်ကြားခဲ့ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အမှုတွဲ တစ်ခုပေးပို့ခဲ့ရာ ပြန်ကြားခဲ့ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အမှုတွဲ တစ်ခုပေးပို့ခဲ့ရာ  ပြန်ကြားခြင်းမရှိသေးကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့  အမှုတွဲတစ်ခုပေးပို့ခဲ့ရာ ပြန်ကြားခဲ့ကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ အမှုတွဲတစ်ခု ပေးပို့ခဲ့ရာ ပြန်ကြားခဲ့ကြောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့သို့  အမှုတွဲတစ်ခုပေးပို့ရာ  ပြန်ကြားခြင်းမရှိသေးကြောင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့သို့ အမှုတွဲ သုံးခုပေးပို့ရာ တစ်ခုသာ ပြန်ကြားခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အစိုး ရအဖွဲ့သို့ အမှုတွဲ ငါးခုပေးပို့ခဲ့ရာ ပြန်ကြားခြင်း မရှိသေးကြောင်း၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့သို့ အမှုတွဲတစ်ခုပေးပို့ရာ ပြန်ကြားခြင်း မရှိသေးကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အမှုတွဲ တစ်ခုပေးပို့ရာ ပြန်ကြားခြင်းမရှိသေးကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အမှုတွဲတစ်ခု ပေးပို့ရာ ပြန်ကြားခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အမှုတွဲ နှစ်ခုပေးပို့ခဲ့ရာ တစ်ခုပြန်ကြားခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အမှုတွဲသုံးခုပေးပို့ခဲ့ရာ  တစ်ခုပြန်ကြားခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အမှုတွဲ ၁၇ ခုပေးပို့ခဲ့ရာ ၁၀ ခုပြန်ကြားခဲ့ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အမှုတွဲလေးခုပေးပို့ခဲ့ရာ ပြန်ကြားခြင်းမရှိသေးကြောင်း လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းခဲ့သည်။

Most Read

Most Recent