တည်ဆောက်ဆဲ ခန္တီးချင်းတွင်း မြစ်ကူးတံတားလုပ်ငန်းခွင်မှ အလုပ်သမားနှစ်ဦး ရေနစ်သေဆုံး

တည်ဆောက်ဆဲ ခန္တီးချင်းတွင်း မြစ်ကူးတံတားလုပ်ငန်းခွင်မှ အလုပ်သမားနှစ်ဦး ရေနစ်သေဆုံး
Published 18 March 2018

တည်ဆောက်နေဆဲ ခန္တီးချင်းတွင်းမြစ်ကူးတံတားမှ အလုပ်သမားနှစ်ဦးရေနစ် သေဆုံးခဲ့ကြောင်း သိရသည်။

မတ် ၁၆ ရက် ညနေ ၅ နာရီက အလုပ်ပြီးဆုံးချိန် ချင်းတွင်းမြစ်ထဲရေဆင်းချိုးရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ခန္တီးမြို့မရဲစခန်းမှ ဒုရဲမှူးဦးလှတင့်က ပြောကြားသည်။

“အလုပ်ပြီးလို့ မြစ်ထဲရေဆင်းချိုးရာကနေ ရေနစ်ပြီး သေသွားတာပေါ့။ နှစ်ယောက်စလုံးက တောင်ပေါ်သားတွေဆိုတော့ ရေမကူးတတ်ကြဘူးလေ။ တစ်ယောက်က ရှစ်တန်းကျောင်းသား။ စားမေးပွဲပြီးလို့ ဒီမှာအလုပ်လာဝင်တာ နှစ်ရက်ပဲရှိသေးတယ်။ နှစ်ဦးစလုံးရဲ့ အလောင်းပြန်ရပါပြီ။ မနေ့က တစ်ယောက်ရတယ် ဒီနေ့ ၁၁ နာရီလောက်မှာ တစ်ယောက်ရတယ်” ဟု ဦးလှတင့်က ပြောကြားသည်။

ထိုရေနစ်သေဆုံးမှုနှင့် ပတ်သက်ပြီး ခန္တီးမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁/ ၂၀၁၈ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent