နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံသို့ ချစ်ကြည်ရေးခရီးနှင့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီး အစည်းအဝေး တက်ရောက်ရန် ထွက်ခွာ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံသို့ ချစ်ကြည်ရေးခရီးနှင့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီး အစည်းအဝေး တက်ရောက်ရန် ထွက်ခွာ
Published 17 March 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်ရန်နှင့် ဆစ်ဒနီမြို့တွင် ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူး ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် မတ် ၁၆ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် သြစတြေးလျနိုင်ငံသို့ ထွက်ခွာသွားကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်သည် သြစတြေးလျဓနသဟာယနိုင်ငံ ဝန်ကြီးချုပ် မဲလ်ကွန်တန်ဘဲလ်၏ ဖိတ်ကြားချက်အရ  သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်နှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျဓနသဟာယနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Jeremy Peter Kruse  နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent