ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုအရ အာဆီယံနိုင်ငံများက အမေရိကန်ဒေါ်လာ ခုနစ်သိန်းကျော်တန်ဖိုးရှိ အစားအစာ၊ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုအရ အာဆီယံနိုင်ငံများက အမေရိကန်ဒေါ်လာ ခုနစ်သိန်းကျော်တန်ဖိုးရှိ အစားအစာ၊ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့
Published 16 March 2018

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများအတွက် အာဆီယံနိုင်ငံများက USD ၇ ဒသမ ၃ သိန်းတန်ဖိုးရှိ အစားအစာနှင့် လူသုံးကုန် ပစ္စည်းများ ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများအတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူလူထု၊ UNHCR စေတနာ့ဝန်ထမ်းလူငယ် အစီအစဉ်၊ ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့၊ အာဆီယံနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းအသီးသီးက အကူအညီပေးလျက်ရှိကြောင်းနှင့် လက်ရှိအထိ နိုင်ငံတော်အစိုးရက ကျပ် ၄၇၉ ဒသမ ၆၀ သန်း တန်ဖိုးရှိ အစားအစာနှင့် လူသုံးကုန်ပစ္စည်းများ၊ ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့က ဆွစ်ဖရန့် ၁၇ သန်းတန်ဖိုးရှိ အစားအစာနှင့် လူသုံးကုန်ပစ္စည်းများ၊ အာဆီယံနိုင်ငံများက USD ၇ ဒသမ ၃ သိန်းတန်ဖိုးရှိ အစားအစာနှင့် လူသုံးကုန်ပစ္စည်းများ၊ UNHCR  လူငယ်အဖွဲ့က ကျပ် ၄၄၃ ဒသမ ၇၅ သန်း တန်ဖိုးရှိ အစားအစာနှင့် လူသုံးကုန်ပစ္စည်းများ၊ MA- UK Myanmar က ကျပ် ၇၉ ဒသမ ၀၅ သန်း တန်ဖိုးရှိ အစားအစာနှင့် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ကူညီထားကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း  အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများနှင့် လူမှုကရုဏာလုပ်ငန်းများကို ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဇန်နဝါရီ ၃၁ ရက်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌပါမောက္ခဒေါက်တာ ဒေါ်မြသူသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား သွားရောက်တွေ့ဆုံခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများနှင့် လူမှုကရုဏာလုပ်ငန်းများကို ကြက်ခြေနီ လှုပ်ရှားမှုအနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ရာ ရခိုင်ပြည်နယ်အစိုးရဘက်မှ ပံ့ပိုးမှုများ ဆက်လက်ဆောင်ရွက်ပေးပါရန် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တို့တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများအတွက် နည်းပညာဆိုင်ရာသင်တန်းများပေးခြင်း၊ ရပ်ရွာလူထုအတွက် လုပ်ငန်းများလည်ပတ်ဆောင်ရွက်ရန် ငွေသားကူညီထောက်ပံ့ပေးခြင်း၊ ရေအရင်းအမြစ်များကို အသစ်ဆောင်ရွက်ပေးခြင်း၊ ပြန်လည်ပြုပြင်ခြင်း၊ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရှေးဦးပြုစုခြင်းနှင့် ရွေ့လျားဆေးခန်းများဖြင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု  ဆောင်ရွက်ပေးခြင်း အစရှိသည့် ရပ်ရွာလူထုအခြေပြု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ပေးနေသည့် လုပ်ငန်းများကိုလည်း တင်ပြခဲ့ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုကြောင့် ထိခိုက်ခံစားရသူများအတွက် လူမှုကရုဏာဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးနိုင်ရန် ပြည်နယ်အစိုးရ နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ ယာယီကယ်ဆယ်ရေးစခန်းများတွင် အရေးပေါ်လိုအပ်နေသော တာပေါ်လင်များ၊ စားနပ်ရိက္ခာများထောက်ပံ့ခြင်း၊ သောက်သုံးရေ ရရှိရေးကူညီပေးခြင်းများ အပါအဝင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ယာယီကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုများပါ လုပ်ဆောင်ပေးပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent