သြင်္ကန်ပွဲတော်တွင်ဖျော်ဖြေမည့် သြင်္ကန်သီချင်းနှင့် သံချပ်များကို သံချပ်စိစစ်ကြပ်မတ်ရေးကော်မတီသို့ ပေးပို့ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ထုတ်ပြန်

သြင်္ကန်ပွဲတော်တွင်ဖျော်ဖြေမည့် သြင်္ကန်သီချင်းနှင့် သံချပ်များကို သံချပ်စိစစ်ကြပ်မတ်ရေးကော်မတီသို့ ပေးပို့ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ထုတ်ပြန်
Published 15 March 2018

မြန်မာ့ရိုးရာသြင်္ကန်ပွဲတော်တွင် ဖျော်ဖြေမည့် သြင်္ကန်သီချင်းနှင့် သံချပ်များကို ရန်ကုန်မဟာသြင်္ကန်သီချင်း၊ သံချပ်စိစစ်ကြပ်မတ်ရေး လုပ်ငန်းကော်မတီသို့ပေးပို့ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မတ် ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် မဟာသြင်္ကန်ပွဲတော်တွင် ဖျော်ဖြေတင်ဆက်မည့်အဖွဲ့များ၏ သီချင်းများ၊ သံချပ်များသည် ပြည်ထောင်စုမပြိုကွဲစေရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲစေရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိခိုက်မှုမရှိစေရန်နှင့် ဘာသာရေး၊ လူမျိုးရေးထိခိုက်စေမည့် အသုံးအနှုန်းများ မပါဝင်စေရေး၊ နိုင်ငံတော်၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား ဂုဏ်သိက္ခာညှိုနွမ်းစေမည့် အကြောင်းအရာများမပါဝင်ရေး၊ ရိုင်းပျသည့်အသုံးအနှုန်း ဟန်ပန်အမူအယာများ မပါရှိစေရေးအတွက် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ထု့ိကြောင့် ယခုနှစ် မဟာသြင်္ကန်တွင် ဖျော်ဖြေတင်ဆက်မည့် သီချင်းများ၊ သံချပ်များကို ကြိုတင်စိစစ်နိုင်ရန်အတွက် ကော်မတီသို့ မတ် ၂၈ ရက် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ကြေညာချက်တွင် ယခုနှစ် မဟာသြင်္ကန်သီချင်း၊ သံချပ်ဆုပေးမဏ္ဍပ်များ အနေဖြင့်လည်း လာရောက်စာရင်းပေးသွင်းကြရန် အသိပေးကြေညာကြောင်း ပါရှိသည်။