သတင်းအချက်အလက်နှင့် စနစ်တကျ အသုံးမပြုခြင်းတို့ကြောင့် ဆေးနှင့်ဆေးပစ္စည်း အချို့၏ လိုအပ်ချက်ကို သေချာခန့်မှန်းနိုင်ခြင်း မရှိဘဲ လိုအပ်သည်ထက်ပို၍ (သို့မဟုတ်) လျော့နည်း၍ ဝယ်ယူဖြန့်ဖြူးခြင်းကြောင့် လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေဟုဆို

သတင်းအချက်အလက်နှင့် စနစ်တကျ အသုံးမပြုခြင်းတို့ကြောင့် ဆေးနှင့်ဆေးပစ္စည်း အချို့၏ လိုအပ်ချက်ကို သေချာခန့်မှန်းနိုင်ခြင်း မရှိဘဲ လိုအပ်သည်ထက်ပို၍ (သို့မဟုတ်) လျော့နည်း၍ ဝယ်ယူဖြန့်ဖြူးခြင်းကြောင့် လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေဟုဆို
Published 14 March 2018

ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံတစ်ရုံတွင် ကုသမှု လာရောက်ခံယူသူ အချို့အား တွေ့ရစဉ်

ကျန်းမာရေးဌာနများတွင် သတင်းအချက်အလက် မပြည့်စုံခြင်း၊ မတိကျခြင်း၊ ရရှိသော အချက်အလက်များကို စနစ်တကျ အသုံးမပြုခြင်းတို့ကြောင့် အချို့ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ၏ လိုအပ်ချက်ကို သေချာစွာ ခန့်မှန်းနိုင်ခြင်း မရှိဘဲ လိုအပ်သည်ထက်ပို၍ (သို့မဟုတ်) လျော့နည်း၍ ဝယ်ယူဖြန့်ဖြူးခြင်းများကြောင့် လေလွင့်ဆုံးရှုံးခြင်းများနှင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ‘ဆေးရုံသတင်းအချက်အလက်ဆိုင်ရာ ကွန်ပျူတာစနစ် ရှင်းလင်းဆွေးနွေးပွဲ’ အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်ကို ကျန်းမာရေး သတင်းအချက်အလက်ဆိုင်ရာနှစ်နှင့် ဘဏ္ဍာငွေများကို ကျိုးကြောင်းလျော်ညီစွာ ခွဲဝေချထားခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အကျိုးရှိ ထိရောက်စွာ အသုံးပြုခြင်းနှစ်များအဖြစ် သတ်မှတ်၍ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ တိကျမှန်ကန် ပြည့်စုံရေးနှင့် ရရှိသော အချက်အလက်များကို စနစ်တကျ ဆန်းစစ်သုံးသပ်လေ့လာ၍ စီမံချက်များ ရေးဆွဲခြင်းနှင့် ဘဏ္ဍာငွေနှင့် စွမ်းအားစုများကို လိုအပ်ချက်နှင့်အညီ ထိရောက်စွာ ခွဲဝေအသုံးချနိုင်ရန် ဆောင်ရွက်နေကြောင်းနှင့် မိမိတို့နိုင်ငံတွင် သတင်းအချက်အလက် မပြည့်စုံခြင်း၊ မတိကျခြင်း၊ ရရှိသော အချက်အလက်များကို စနစ်တကျ အသုံးမပြုခြင်းတို့ကြောင့် အချို့ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ၏ လိုအပ်ချက်ကို သေချာစွာ ခန့်မှန်းနိုင်ခြင်း မရှိဘဲ လိုအပ်သည်ထက်ပို၍ (သို့မဟုတ်) လျော့နည်း၍ ဝယ်ယူဖြန့်ဖြူးခြင်းများကြောင့် လေလွင့်ဆုံးရှုံးခြင်းများ နှင့်အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ပြောကြားသည်။

ထို့ပြင် ကျန်းမာရေး သတင်းအချက်အလက်သည် လူ၏ ဗဟိုအာရုံကြောစနစ်ကြီးနှင့် တူညီ၍ အလွန်အရေးကြီးကြောင်း၊ သတင်းအချက်အလက်များ တိကျမှန်ကန်ပြည့်စုံမှသာ ဆုံးဖြတ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ မှန်ကန်မည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများတွင် အသုံးပြုနေသော ဆေးရုံသတင်းအချက်အလက် ကွန်ပျူတာစနစ်များကို တိုက်ရိုက်ပုံတူကူး အသုံးမပြုသင့်ဘဲ မိမိတို့နိုင်ငံနှင့် သင့်လျော်ကိုက်ညီစေရန် ဆော့ဝဲလ်ရေးဆွဲသော ပညာရှင်များနှင့် ဆေးရုံအုပ်ကြီးများ ညှိနှိုင်းတိုင်ပင် ဆွေးနွေးသင့်ကြောင်းနှင့် မရှိမဖြစ် လိုအပ်သော အရေးကြီး အချက်အလက်များသာ ကောက်ယူစေလိုပြီး လက်တွေ့လုပ်ဆောင်နိုင်၍ လွယ်ကူရှင်းလင်းစနစ်ဖြစ်ရန် လိုအပ်ပြီး တစ်နိုင်ငံလုံးရှိ ဆေးရုံများမှ သတင်းအချက်အလက်များကို ချိတ်ဆက်စုစည်း သုံးသပ်နိုင်သော တူညီသော ကွန်ပျူတာစနစ် တစ်ခုတည်းကိုသာ အသုံးပြုစေလိုကြောင်း ပြောကြားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တော်ဝင်မိသားစုကုမ္ပဏီမှ ဝန်ထမ်းပုဂ္ဂိုလ်ရေးရာ သတင်းအချက်အလက်စနစ် (Personal Information System) နှင့် ဆေးနှင့် ဆေးပစ္စည်းစာရင်း စီမံထိန်းချုပ်ရေးနှင့် ဆေးရုံစီမံခန့်ခွဲရေးဆိုင်ရာ သတင်းအချက်အလက်စနစ် (Inventory Control System & Hospital Management System) ကို ကူညီပံ့ပိုးပေးရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကုသရေး ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှစ်ခုပေါင်း၍ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူရန် ကျပ်၂၁၈ ဒသမ ၈၆၇ ဘီလျံ အသုံးပြုခွင့် ရရှိခဲ့ကြောင်းနှင့် ကုသရေး ဦးစီးဌာနမှ ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူရန် လျာထားရန်ပုံငွေ ၁၁၃ ဒသမ ၉၅ ဘီလျံ ကျပ်၊ ဆေးရုံသုံး စက်ပစ္စည်းများ ဝယ်ယူရန် လျာထားရန်ပုံငွေ ကျပ် ၅၇ ဒသမ ၇၆၄ ဘီလျံ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ စီမံချက် ၁၆ ခုအတွက် လိုအပ်သည့်ဆေးနှင့် ဆေးပစ္စည်းဝယ်ယူရန် လျာထားရန်ပုံငွေကျပ် ၂၆ ဒသမ ၉၆၃ ဘီလျံ၊ စက်ပစ္စည်းကိရိယာ ဝယ်ယူရန် ကျပ် ၂၀ ဒသမ ၁၉ ဘီလျံဖြစ်ပြီး ဦးစီးဌာန နှစ်ခုပေါင်း၍ ဆေးနှင့်ဆေးပစ္စည်း ကိရိယာ စုစုပေါင်းတန်ဖိုး ကျပ် ၂၁၈ ဒသမ၈ ၆၇ ဘီလျံခန့် ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent