w ဆရာတော်ဦးပါမောက္ခက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်းအချို့အား တရားစွဲဆိုခွင့်ပြုရန် နိုင်ငံတော်သမ္မတထံ စာပေးပို့မည် - Eleven Media Group <

ဆရာတော်ဦးပါမောက္ခက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်းအချို့အား တရားစွဲဆိုခွင့်ပြုရန် နိုင်ငံတော်သမ္မတထံ စာပေးပို့မည်

မတ် ၉ ရက်က ချုပ်ရက်စေ့သဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည့် ဆရာတော် ဦးပါမောက္ခအား အင်းစိန်အကျဉ်းထောင် ရှေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ – သီဟအောင်)

ဆရာတော်ဦးပါမောက္ခက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်းအချို့အား တရားစွဲဆိုခွင့်ပြုရန် နိုင်ငံတော်သမ္မတထံ စာပေးပို့မည်ဆရာတော်ဦးပါမောက္ခက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်းအချို့အား တရားစွဲဆိုခွင့်ပြုရန် နိုင်ငံတော်သမ္မတထံ စာပေးပို့မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတထံ စာပေးပို့ရသည့်အကြောင်းရင်းမှာ ဥပဒေအရ အစိုးရ၀န်ထမ်းများကို တရားစွဲဆိုမည်ဆိုပါက နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ခွင့်ပြုမိန့်လိုအပ်သဖြင့် ထိုသို့ပေးပို့ရခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူ့ဝန်ထမ်းကို တရားစွဲဆိုမယ်ဆိုလို့ရှိရင် သက်ဆိုင်ရာနိုင်ငံတော်သမ္မတတို့၊ ပြည်ထဲရေးဝန်ကြီးတို့ဆီမှာ ခွင့်ပြုချက်တောင်းရတယ်” ဟု ဆရာတော်ဦးပါမောက္ခက မိန့်ကြားသည်။

ထိုသို့ နိုင်ငံတော်သမ္မတထံသို့ စာပေးပို့မှုကို မတ် ၁၅ ရက်တွင် ပေးပို့သွားရန် ရည်ရွယ်ထားကြောင်းသိရပြီး တရားစွဲဆိုရန် စီစဉ်ထားသည့် ၀န်ထမ်းရှစ်ဦးရှိကာ ယင်းတို့အထဲတွင် ရဲအရာရှိသုံးဦး၊ အင်းစိန်အကျဉ်းထောင်မှ အရာရှိတစ်ဦး၊ တရားသူကြီးနှစ်ဦး၊ ဥပဒေအရာရှိတစ်ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦး စသူတို့ပါဝင်ကြောင်း သိရသည်။

“တရားစွဲဆိုခွင့်က နိုင်ငံတော်သမ္မတဆီမှာ တောင်းရတယ်။ နိုင်ငံတော်သမ္မတကပေးမှ စွဲလို့ရမှာ။ နိုင်ငံတော်သမ္မတကမပေးရင် ကျွန်တော်တို့စွဲလို့မရဘူး။ ရှစ်ဦးကို တရားစွဲဆိုသွားမှာပါ။ ဥပဒေကြောင်းအရ တရားဝင်ပို့သွားမှာ။ ပြည်သူ့ဝန်ထမ်းက သဘောရိုးနဲ့လုပ်တာ မဟုတ်ဘူးဆိုလို့ရှိရင် ခွင့်ပြုချက်ပေးကိုပေးရမှာဖြစ်တယ်။ နိုင်ငံသားတစ်ယောက်ကို ဥပဒေကပေးရမယ့် အခွင့်အရေးတွေရှိတယ်။ ဥပဒေကပေးရမယ့် အခွင့်အရေးတွေမပေးလို့ရှိရင် အဲဒီနိုင်ငံသားမှာ ဆုံးရှုံးမှုတစ်ရပ် ပေါ်သွားတယ်ဆိုလို့ရှိရင် နစ်နာသွားတာပေါ့။ နစ်နာသွားလို့ရှိရင် ပြည်သူ့ဝန်ထမ်းကို တရားစွဲဖို့အတွက် ရာဇသတ်ကြီးဥပဒေမှာရှိတယ်။ အဲဒီပြဋ္ဌာန်းချက်က အရမ်းကြီးပြင်းထန်တဲ့ ပြဋ္ဌာန်းချက်တော့မဟုတ်ဘူး” ဟု ဆရာတော်ဦးပါမောက္ခ၏ရှေ့နေ ဦးအောင်သူရိန်ထွန်း (တရားလွှတ်တော်ရှေ့နေ) က ဆိုသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံရစဉ်က ၀န်ထမ်းအချို့က ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း မတ် ၁၂ ရက်မွန်းလွဲပိုင်းက စီးတီးစတားဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲတွင် ဆရာတော်က မိန့်ကြားထားသည်။

March 13, 2018














Copy Protected by Chetan's WP-Copyprotect.