ဧရာဝတီတိုင်းဒေသကြီး၌ ချို့တဲ့အိမ်ခြေများ လေပြင်းဒဏ်ခံနိုင်ရေး ပြုပြင်နိုင်ရန် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးမည်

ဧရာဝတီတိုင်းဒေသကြီး၌ ချို့တဲ့အိမ်ခြေများ လေပြင်းဒဏ်ခံနိုင်ရေး ပြုပြင်နိုင်ရန် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးမည်
Published 13 March 2018

ဧရာဝတီတိုင်းဒေသကြီး၌ ချို့တဲ့အိမ်ခြေ ၈၀၀ လေပြင်းဒဏ်ခံနိုင်ရေး ပြုပြင်နိုင်ရန် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဌာနမှထောက်ပံ့ပေးမည့် အိမ်ခြေ ၈၀၀ စာရင်းတွင် ငပုတောမြို့နယ်မှ အိမ်ခြေ ၂၅၀၊ မြန်အောင်မြို့နယ်မှ အိမ်ခြေ ၃၀၀၊ မော်လမြိုင်ကျွန်းမြို့နယ်မှ အိမ်ခြေ ၂၅၀ ပါဝင်ကြောင်း သိရသည်။

“မနှစ်က မိုးဦးကာလမှာ လေပြင်းကြောင့် ငပုတောမြို့နယ်၊ မော်လမြိုင်ကျွန်း မြို့နယ်နဲ့ မြန်အောင်မြို့နယ်တို့မှာ အိမ်တွေ ထိခိုက်မှုတွေ ရှိခဲ့တယ်။ ဒီနှစ်မှာ ယခင်နှစ်ကလို မဖြစ်ပွားဖို့အတွက် ကြံ့ခိုင်မှုနည်းတဲ့နေအိမ်တွေ ကြံ့ခိုင်မှုကောင်းလာဖို့ အသေးစား ပြုပြင်မှုတွေကို လေပြင်း ဘေးကြိုတင်ပြင်ဆင်မှု ကဏ္ဍတစ်ရပ်အနေနဲ့ စီမံချက်တွေရေးပြီး တင်ပြတဲ့အခါ ရုံးချုပ်ကလည်း ရန်ပုံငွေခွင့် ပြုပေးထားတာဖြစ်တဲ့အတွက် အခုမတ်လအတွင်းမှာပဲ သက်ဆိုင်ရာမြို့နယ်မှာရှိတဲ့ မြို့နယ်တာဝန်ရှိသူတွေရယ်၊ လူမှုအဖွဲ့အစည်းတွေရယ် ကျွန်တော်တို့ ဘေးစီမံဦးစီးဌာနက ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီးတော့မှ ကြံ့ခိုင်မှုနည်းတဲ့နေအိမ်တွေကို ပြုပြင်ပေးနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းစိုးက ပြောကြားသည်။

Most Read

Most Recent