မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာပိုင်နက်အတွင်း တရားမဝင် တဲထိုးနေထိုင်သည့် ဘင်္ဂါလီများရှိနေဆဲဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ CCTV များ တပ်ဆင်ကာ မြန်မာလုံခြုံရေးတပ်ဖွဲ့များ လှုပ်ရှားမှုကို စောင့်ကြည့်နေဟုဆို

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာပိုင်နက်အတွင်း တရားမဝင် တဲထိုးနေထိုင်သည့် ဘင်္ဂါလီများရှိနေဆဲဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ CCTV များ တပ်ဆင်ကာ မြန်မာလုံခြုံရေးတပ်ဖွဲ့များ လှုပ်ရှားမှုကို စောင့်ကြည့်နေဟုဆို
Published 8 March 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး အပြင်ဘက် မြန်မာပိုင်နက်အတွင်း တရားမဝင် တဲထိုးနေထိုင်သည့် ဘင်္ဂါလီများ ဆက်လက်ရှိနေဆဲဖြစ်ပြီး တဲထိုးနေထိုင်ရာနေရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ CCTV များ တပ်ဆင်ကာ မြန်မာလုံခြုံရေးတပ်ဖွဲ့များ လှုပ်ရှားမှုကို စောင့်ကြည့်နေကြောင်း သိရသည်။

နယ်နိမိတ်မျဉ်းမှ မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်ခြံစည်းရိုးအကြားတွင် တရားမဝင် ဝင်ရောက်နေထိုင်ကြသည့် ဘင်္ဂါလီစခန်းအနီး ဘင်္ဂလားဒေ့ရှ်ဘက်မှ CCTV နောက်ထပ်တစ်တိုင် တိုးချဲ့ထောင်လာကြောင်းနှင့် လက်ရှိတွင် သုံးတိုင်ရှိပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ ဘင်္ဂါလီများအား ဘင်္ဂလားဒေ့ရှ်ဘက်မှ ရိက္ခာများထောက်ပံ့နေသည်ကို တွေ့ရကြောင်းလည်း သိရသည်။

မတ် ၂ ရက် အစောပိုင်းတွင် အမှတ် (၃၄) BGB တပ်ရင်း စစ်ဦးစီးအရာရှိဒုတိယ ဗိုလ်မှူးကြီးမွန်ဇူရူးက ၎င်းတို့သည် မြန်မာတပ်မတော်၏ လှုပ်ရှားမှုများနှင့် လူသူမနေသောကမ်းမြောင်၌ သောင်တင်နေသော ဘင်္ဂါလီများ၏ အနေအထားကို စောင့်ကြည့်ရန် တမ်ဘရူနယ်ခြားဒေသတွင် CCTV သုံးလုံးကိုလည်း တပ်ဆင်ထားကြောင်း ပြောကြားခဲ့ကြောင်း DHAKA TRIBUNE သတင်းစာက ရေးသားခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်နိမိတ် ကျောက်တိုင်အမှတ် (၃၄) နှင့် (၃၅) အကြားရှိ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းနှင့် ခြံစည်းရိုးအကြား အဆောက်အအုံ မဆောက်လုပ်ရတားမြစ်ဇုန် None Construction Zone အတွင်း လူ ၆၀၀၀ ကျော်အထိ တရားမဝင် ဝင်ရောက်နေထိုင်သူများ ကိစ္စနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၀ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် ခရိုင်အဆင့် နယ်စပ်အာဏာပိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို တောင်ပြိုလက်ဝဲမြို့တွင် ကျင်းပခဲ့ပြီး ဆွေးနွေးပွဲတွင် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းနှင့် ခြံစည်းရိုးအကြား အဆောက်အအုံ မဆောက်လုပ်ရ တားမြစ်ဇုန် None Construction Zone အတွင်း ဝင်ရောက်နေထိုင်ခြင်းသည် နှစ်နိုင်ငံ သဘောတူညီချက်များအရ လက်ခံ၍မရကြောင်း၊ ယင်းတို့ ကာလရှည်ကြာ နေထိုင်ရေးအတွက် ထောက်ပံ့ကူညီမှုများ ဘင်္ဂလားဒေ့ရှ်ဘက်ရှိ နိုင်ငံတကာအဖွဲ့အစည်း အချို့က ပြုလုပ်နေခြင်းကြောင့် ထိန်းသိမ်းရန် ခက်ခဲသော အခြေအနေကို ဖြစ်ပေါ်လာစေခဲ့ကြောင်း၊ ထိုသို့ထောက်ပံ့နေခြင်းကို တားမြစ်ပေးစေလိုကြောင်း၊ ယင်းသို့ ဝင်ရောက်နေထိုင်သူများအကြား ARSA အကြမ်းဖက်သမားများ ရောနှောပါဝင်နေဖွယ်ရာရှိသည့်အတွက် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးအတွက် အထူးစိုးရိမ်စရာကောင်းသော အနေအထားသို့ ရောက်ရှိစေနိုင်ကြောင်းတို့ကို မြန်မာနိုင်ငံဘက်က ထောက်ပြဆွေးနွေးခဲ့သည်။

ယင်းသို့ နှစ်နိုင်ငံတာဝန်ရှိသူများ သွားရောက်တွေ့ဆုံပြီးနောက် အဆိုပါနေရာသို့ ဝင်ရောက်နေထိုင်သူများမှ အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ကူတူပါလောင်ကျေးရွာနှင့် ဘာလူခါလီကျေးရွာများရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်နေထိုင်မှုများ စတင် ဆောင်ရွက်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် လူ ၁၀၀၀ ကျော်ခန့်မှာ ဆက်လက်နေထိုင်နေဆဲဖြစ်ကြောင်း သိရသည်။ ဘင်္ဂါလီဒုက္ခသည်စခန်းချရာအနီး ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ တပ်စွဲရခြင်းမှာ ARSA လှုပ်ရှားမှုနှင့် ပတ်သက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မတ် ၂ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent