မန္တလေးမြို့ မြို့ပတ်လမ်း (၁၉ လမ်းနှင့် ၂၆ လမ်းကြား) သရက်ကုန်းရပ်ကွက်တွင် ဘုရားမီးပူဇော်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ် ၁၁ လုံး ဆုံးရှုံး

မန္တလေးမြို့ မြို့ပတ်လမ်း (၁၉ လမ်းနှင့် ၂၆ လမ်းကြား) သရက်ကုန်းရပ်ကွက်တွင် ဘုရားမီးပူဇော်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ် ၁၁ လုံး ဆုံးရှုံး
Published 8 March 2018

အောင်မြေသာစံမြို့နယ် မြို့ပတ်လမ်း (၁၉ လမ်းနှင့် ၂၆ လမ်းကြား) သရက်ကုန်းရပ်ကွက်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မြို့ပတ်လမ်း (၁၉ လမ်းနှင့် ၂၆ လမ်းကြား) သရက်ကုန်းရပ်ကွက်တွင် မတ် ၇ ရက် ည ၇ နာရီ ၅ မိနစ်အချိန်ခန့်က ဘုရားမီးပူဇော်ရာမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၁ လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

အုတ်ညှပ် နံကပ်နှစ်ထပ်အိမ်တွင် ဘုရားဖယောင်းတိုင်မီးပူဇော်ရာမှ စတင်လောင်ကျွမ်းသည့် ယင်းမီးလောင်မှုကြောင့် အုတ်ညှပ် နံကပ်အိမ်နှစ်လုံးနှင့် သွပ်မိုးထရံကာ ကိုးလုံးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးစတင် လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင် ဒေါ်စိုးသူဇာအား အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်းက မီးပေါ့ဆမှု ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို Level 4 အဆင့်သတ်မှတ်ကာ မီးသတ်ယာဉ် အစီး ၇၀၊ မီးသတ်တပ်ဖွဲ့ဝင် သန္ဓေ ၁၅၀၊ အရံ ၂၈၀ ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကာ ည ၈ နာရီခွဲအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

“မီးစလောင်တဲ့ အိမ်ပိုင်ရှင်က အခုတိမ်းရှောင်နေတယ်လို့ သိရတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိပါဘူး” ဟု ဗဟိုမီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent