ယူနီဆက်ဖ်က မြန်မာနိုင်ငံတွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အာဟာရ စသည့်ကဏ္ဍများအတွက် ငါးနှစ်တာစီမံကိန်းအသစ် စတင်မည်

ယူနီဆက်ဖ်က မြန်မာနိုင်ငံတွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အာဟာရ စသည့်ကဏ္ဍများအတွက် ငါးနှစ်တာစီမံကိန်းအသစ် စတင်မည်
Published 6 March 2018

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စာသင်ကျောင်း တစ်ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးသူငယ်များအား တွေ့ရစဉ်

ယူနီဆက်ဖ်က မြန်မာနိုင်ငံတွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အာဟာရစသည့် ကဏ္ဍများအတွက် ငါးနှစ်တာ စီမံကိန်းအသစ် (၂၀၁၈-၂၀၂၂) ကို စတင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ယူနီဆက်ဖ်မှ သိရသည်။

ယူနီဆက်ဖ်၏ ငါးနှစ်တာစီမံကိန်းအသစ်သည် ယူနီဆက်ဖ်၏ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ၂၀၁၈ -၂၀၂၁ နှင့် ကိုက်ညီမှု ရှိရမည့်အပြင် အစိုးရ၏ ဦးစားပေးလုပ်ငန်းများကို ထင်ဟပ်စေရမည့် ဆက်စပ်ရလဒ် ခြောက်ခု ရရှိစေရန် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ ပထဝီနေရာ အနေအထား ဦးစားပေးမှုသည် စီမံကိန်းတွင် ပါဝင်သည့်လုပ်ငန်းများနှင့် ဖွံ့ဖြိုးမှုတိုင်းတာညွှန်းကိန်းများ တိုးတက်မှုအပေါ်တွင် ပြောင်းလဲနိုင်ကြောင်းနှင့် စီမံကိန်း၏ ပါဝင်လုပ်ငန်းများသည် ပဋိပက္ခဒဏ်ခံစားရသည့် ကလေးငယ်များ၊ နေရပ်စွန့်ခွာနှင့် အခြားသော လူသားချင်းစာနာထောက်ထားမှု အခြေအနေများ ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်များအတွက် ရည်မှန်းထားကြောင်း သိရသည်။

စီမံကိန်းတွင် ကျန်းမာရေးနှင့် အာဟာရ ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ရေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးကဏ္ဍ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကဏ္ဍနှင့် လူမှုရေးဆိုင်ရာ မူဝါဒနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ စောင့်ကြည့်သုံးသပ်ရေး ကဏ္ဍတို့ ပါဝင်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အာဟာရကဏ္ဍတွင် အသက်ငါးနှစ်အောက် ကလေးများ၊ ဆယ်ကျော်သက် အမျိုးသမီးငယ်များ အပါအဝင် မျိုးဆက်ပွားအရွယ်ရှိ အမျိုသမီးများအတွက် အထောက်အထားခိုင်လုံမှုရှိသည့် ကျန်းမာရေး၊ ကာကွယ်ဆေးထိုးခြင်း၊ အိပ်ချ်အိုင်ဗွီနှင့် အာဟာရဆိုင်ရာ လုပ်ငန်းများကို သာတူညီမျှစွာ လက်လှမ်းမီနိုင်ရေးနှင့် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ပြီး ကြိုတင်ကာကွယ်နိုင်သော ကိုယ်ဝန်ဆောင်မိခင်၊ မွေးကင်းစနှင့် ကလေးသူငယ် သေဆုံးမှုများကို  အဆုံးသတ်ရန်အတွက် ပါဝင်ပံ့ပိုးပေးမည် ဖြစ်ကြောင်းနှင့် ရေ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေး ကဏ္ဍတွင် မိသားစုဝင်များနှင့် အဓိကကျသည့်နေရာများ ဥပမာ စာသင်ကျောင်းများတွင် စိတ်ချရသော ငွေကြေးတတ်နိုင်သော လုံလောက်သော ရေနှင့်သန့်ရှင်းရေး ဝန်ဆောင်မှုများ အချိန်မရွေး သာတူညီမျှ လွယ်လင့်တကူ ရရှိအသုံးပြုနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရလဒ်အဖြစ်မွေးကင်းစ၊ အသက်ငါးနှစ်အောက်နှင့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးခြင်း၊ ကူးစက်တတ်သည့် ရောဂါများ၊ အာဟာရချို့တဲ့ခြင်းနှင့် ပုညှက်ခြင်းတို့မှ လျော့နည်းကျဆင်းစေရန်၊ ကျောင်းတက်ရောက်မှုနှုန်း မြင့်မားစေခြင်းနှင့် စာသင်ကျောင်းများတွင် အကြမ်းဖက်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်းတို့အတွက် ပါဝင်ပံ့ပိုးကူညီမည် ဖြစ်ကြောင်း သိရသည်။

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် မြန်မာနိုင်ငံရှိ ယောကျ်ားလေးနှင့် မိန်းကလေးများအား အကြမ်းဖက်ခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းနှင့် မိသားစုနှင့် ကွဲကွာနေရခြင်းတို့မှ ကာကွယ်ပေးနိုင်ရေးနှင့် ပြန်လည်ကောင်းမွန်လာစေရန် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး စနစ်မှတစ်ဆင့် ကာကွယ်မှုများ ပေးနိုင်စေဖို့ ဆောင်ရွက်မည်ဖြစ်ပြီး ထိုစီမံကိန်းပါ ကဏ္ဍများသည် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ရှိဆောင်ရွက် နေဆဲဖြစ်သည့် လူမှုရေးလုပ်ငန်းဖြစ်ရပ် စီမံခန့်ခွဲမှုအပေါ် အခြေခံထားပြီး ယင်းနှင့် ဆက်စပ်နေသည့် တရားစီရင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများလည်း ပါဝင်သည်။

Most Read

Most Recent