လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၃၀၀၀ ကို လာမည့် ၄၂ လအတွင်း ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေ

လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၃၀၀၀ ကို လာမည့် ၄၂ လအတွင်း ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေ
Published 6 March 2018

လာမည်သုံးနှစ်အတွင်း လိုအပ်လာမည့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀၀ ထုတ်လုပ် နိုင်ရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ မူဝါဒနှင့်အညီ ဆောလျင်စွာပြီးစီးမည့် စီမံကိန်းများ၊ အလယ်အလတ်စီမံကိန်းများ လုပ် ဆောင်နေမှုကြောင့် နောက်အကျဆုံး ၄၂ လအတွင်း လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀၀ ကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးသည် မိမိတို့ဝန်ကြီးဌာနအတွက် အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ပြီး လက်ရှိထုတ်လုပ်မှုအရ မဂ္ဂါဝပ် ၃၀၀၀ ရှိသဖြင့် နောက်လာမည့် နှစ်နှစ်၊ သုံးနှစ်တွင် မဂ္ဂါဝပ် ၃၀၀၀ ခန့် လိုအပ်မည်ဖြစ်ကာ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ လျှပ်စစ်နှင့်ပတ်သက်ပြီး ဝန်ကြီးဌာန၏ မူဝါဒနှင့်အညီ သုံးနှစ်အတွင်း နောက်ထပ် မဂ္ဂါဝပ် ၃၀၀၀ ထုတ်လုပ်နိုင်ရန် လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဦးဝင်းခိုင်က ပြောကြားသည်။

လုပ်ငန်းလျာထားချက်များအရ ဆောလျင်စွာပြီးမည့် စီမံကိန်းများ၊ အလယ်အလတ်စီမံကိန်းများနှင့် နောက်ကျဆုံး ၄၂ လ အတွင်း လိုအပ်လျက်ရှိသည့် မဂ္ဂါဝပ် ၃၀၀၀ ခန့်ကို ရရှိလာမည်ဖြစ်ကြောင်းနှင့် အခြားဘက်တွင်လည်း ရေအားလျှပ်စစ်စီမံကိန်းများ၊ ဆိုလာစီမံကိန်းများ၊ LNG သဘာ၀ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများကိုလည်း ဆောင်ရွက်နေကြောင်း ဦးဝင်းခိုင်က ဆက်လက်ပြောကြားသည်။

Most Read

Most Recent