ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သူ ၅၀ စာရင်း ထုတ်ပြန်ရာတွင် မြေကွက်၊ အခြေပစ္စည်းရောင်းချခြင်းနှင့် လစာဖြင့် ဝင်ငွေခွန်ထမ်းဆောင်သူများ အများဆုံးပါဝင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သူ ၅၀ စာရင်း ထုတ်ပြန်ရာတွင် မြေကွက်၊ အခြေပစ္စည်းရောင်းချခြင်းနှင့် လစာဖြင့် ဝင်ငွေခွန်ထမ်းဆောင်သူများ အများဆုံးပါဝင်
Published 5 March 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူ ၅၀ စာရင်းထုတ်ပြန်ရာတွင်  ထိပ်တန်းအခွန်ထမ်း ၅၀ ၌ မြေကွက်၊ အဆောက်အအုံ၊ အခြေပစ္စည်း ရောင်းချခြင်းနှင့် လစာဖြင့် ဝင်ငွေခွန်ထမ်းဆောင်ခဲ့သူများ အများဆုံးပါဝင်ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ မတ် ၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများဆုံး ဝင်ငွေခွန်ထမ်းဆောင်သူ ၅၀ စာရင်းတွင် ဒေါ်မာမာဦး-ဦးဇော်ဝင်း၊ ပထမ ထိပ်တန်းကုန်ထုတ် သမဝါယမအသင်းလီမိတက်၊ အေးချမ်းမြေအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း၊ ဒေါ်တင်လေးနွယ်၊ ဦးကျော်မြင့်၊ ဦးခင်မောင်စော-ဒေါ်ဝင်းဝင်း၊ ဦးကိုကိုထွေး၊ Mr.Mansoor Ali(Pepsico)၊ ဦးလှ-ဒေါ်ရွှင်ကြည်နှင့် ဦးသိန်းဝင်းဇော်တို့မှာ ဝင်ငွေခွန်အများဆုံးထမ်းဆောင် သူ ၁၀ ဦးအဖြစ် အစဉ်လိုက်ရှိနေသည်။

မြေကွက်၊ အဆောက်အအုံရောင်းချခြင်းနှင့် ငှားရမ်းခြင်း၊ အခြေပစ္စည်းများ ရောင်းချခြင်းများမှ ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သူများစာရင်းတွင် ဦးကျော်မြင့်၊ ဦးခင်မောင်စော-ဒေါ်ဝင်းဝင်း၊ ဦးကိုကိုထွေးတို့ အစဉ်လိုက်ရှိနေပြီး အဆင့် (၉) နေရာမှ ဦးလှ-ဒေါ်ရွှင်ကြည်နှင့် အဆင့် (၁၀) နေရာမှ ဦးသိန်းဝင်းဇော်တို့လည်း ပါဝင်ခဲ့သည်။

ထို့ပြင် ဝင်ငွေခွန် အများဆုံးထမ်းဆောင်သူ (၁၁) နေရာမှ ဦးကျော်ဇော၊ ဒေါ်မြစိန်၊ အဆင့် (၁၂) နေရာမှ ဦးရှီး ရိုချိန်(ခ) ဦးကျော်စိန်လင်း၊ အဆင့် (၁၃) နေရာမှ ဦးကျော်မြင့် (ခ) လင်အိပိန်း၊ အဆင့် (၁၅) နေရာမှ ဦးကြည်စိုး၊ အဆင့် (၁၆) နေရာမှ ဦးအောင်ဇော်ပါတစ်ဦး၊ အဆင့် (၁၈) နေရာမှ ဒေါ်နန္ဒာမော်နိုင်၊ အဆင့် (၁၉) နေရာမှ ဒေါ်စန္ဒာဝင်း၊ အဆင့် (၂၀) နေရာမှ ဒေါ်ခင်အေး၊ အဆင့် (၂၃) နေရာမှ ဦးအောင်စိုးဦး-ဒေါ်ချိုချိုထွန်း၊ အဆင့် (၂၄) နေရာမှ ဒေါ်လီလီမြင့်၊ အဆင့် (၂၅) နေရာမှ ဒေါ်အမရာ သီရိမြိုင်၊ အဆင့်(၂၆) နေရာမှ ဦးသိန်းထိုက်၊ အဆင့် (၂၇ ) နေရာမှ ဒေါ်ခိုင်ပြည့်စုံကြိုင်၊ အဆင့် (၂၉) နေရာမှ ဒေါ်ဖြူဖြူဝင်း (ခ)ဒေါ်အေးအေးမော်၊ အဆင့် (၃၃) နေရာမှ ဒေါ်ခင်ညို၊ အဆင့် (၃၄) နေရာမှ ဒေါ်စန်းမြင့်၊ အဆင့် (၃၅) နေရာမှ ဦးခင်မောင်မြင့်၊ အဆင့် (၃၈) နေရာမှ ဦးကျော်ဇင်လှ-ဦးနေမျိုးလှ၊ အဆင့် (၃၉) နေရာမှ ဦးအောင်ဇော်-ဒေါ်ယဉ်ယဉ်မြတ်၊ အဆင့် (၄၆) နေရာမှ ဦးမင်းမော်နှင့် အဆင့် (၄၉) နေရာမှ ဒေါ်မူမူဝင်းတို့မှာ မြေကွက်၊ အဆောက်အအုံ ရောင်းချခြင်းနှင့် ငှားရမ်းခြင်း၊ အခြေပစ္စည်းများ ရောင်းချခြင်းများမှ ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လစာဖြင့် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သူများစာရင်းတွင် အဆင့် (၈) နေရာမှ Mr.Mansoor Ali(Pepsico)၊ အဆင့် (၁၄) နေရာမှ Mr.Rajesh Balraj Ahuja (Australia and New Zeland Banking Group Ltd-Rep ;Office) ၊ အဆင့် (၁၇) နေရာမှ Mr.Jasper Lisandro Camacho (P.E.S Myanmar) ၊ အဆင့် (၂၂) နေရာမှ Ajjaay Advani ၊ အဆင့် (၂၈) နေရာမှ Mr.Jens Helmut GertKnoke ၊ အဆင့် (၃၁) နေရာမှ Pui Thai Chong (ပီစီမြန်မာ-ဟောင်ကောင်)၊ အဆင့် (၃၇) နေရာမှ ဂျာရန်းအနက် အန်ဒမ် (ပီစီမြန်မာ-ဟောင်ကောင်)၊ အဆင့် (၄၀) နေရာမှ Mr.Dominic Sheek Wing Lum (P.E.S Myanmar) ၊ အဆင့် (၄၁) နေရာမှ Mr.Kohji Maruyama (MITSUBISHI ELECERIC) ၊ အဆင့် (၄၂) နေရာမှ Azian  Bin Mohd Sabirin (ပီစီမြန်မာ-ဟောင်ကောင်)၊ အဆင့် (၄၃) နေရာမှ Micheal Toh(P.E.S Myanmar) ၊ အဆင့် (၄၄) နေရာမှ မစ္စတာ နီတင်ကူးမားမီရှာရာ (P.E.S Myanmar )၊ အဆင့် (၄၅) နေရာမှ Mr.Seiro Tokunaga (OJI Asia Packaging Sdn Bhd) ၊ အဆင့် (၄၇) နေရာမှ Mr. Wong Chee Keong (မြန်မာဂျပန် စီးကရက်)၊ အဆင့် (၄၈) နေရာမှ  Mr.Yuro Kisaka (AEON Microfinance Myanmar Co,Ltd) နှင့် အဆင့် (၅၀) နေရာမှ Mr. Hugh Raebvrn (P.E.S Myanmar ) တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent