ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး အိမ်ခြေအများအပြား မီးလောင်ဆုံးရှုံးကာ မတ် ၄ ရက် နံနက်အစောပိုင်းအထိ လောင်ကျွမ်းနေဆဲဖြစ်

ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး အိမ်ခြေအများအပြား မီးလောင်ဆုံးရှုံးကာ မတ် ၄ ရက် နံနက်အစောပိုင်းအထိ လောင်ကျွမ်းနေဆဲဖြစ်
Published 4 March 2018

ဓာတ်ပုံ-Wai Yan Aung (Sullivan Wai Yan ) Facebook ရေစကြိုမြို့နယ် လူငယ်ကွန်ရက်

ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာ တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေအများ အပြားမီးလောင်ဆုံးရှုံးကာ မတ်လ ၄ ရက် နံနက်အစောပိုင်းထိ မီးငြှိမ်းသတ်နေဆဲဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာတွင် မတ်လ ၃ ရက် ည ၈ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မတ်လ ၄ ရက် နံနက် ၁ နာရီအထိ မီးကြွင်းကျန်များ ငြှိမ်းသတ်နေဆဲဖြစ်ကြောင်း ရေစကြိုမြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ရှိသူများနှင့် ဒေသခံများထံမှ သိရသည်။

ရေစကြိုမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံ မတ်လ ၄ ရက် နံနက် ၁ နာရီခန့်က Eleven Media Group မှ ဖုန်း ဆက်သွယ်မေးမြန်းခဲ့ရာ ထိုအချိန်အထိ ရေစကြို၊ မြိုင်၊ ပခုက္ကူ၊ ပခန်းကြီး စသည့် ဒေသများမှ မီးသတ်ကား ၂၅ စီး ငြှိမ်းသတ်လျက်ရှိကြောင်း၊ မီးထိန်းထားနိုင်ပြီဖြစ်သော်လည်း အကြွင်းအကျန်များကို ငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း၊ ကျေးရွာမြောက်ပိုင်းမှ စတင်လောင်ကျွမ်းခဲ့ပြီး အသေးစိတ်အချက်လက်များ စုံစမ်းဆဲဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ရေစကြိုမြို့နယ်ရှိ မီးလောင်မှုဖြစ်ပွားခဲ့သည့် သစ်ကြီးတောကျေးရွာသည် အိမ်ခြေ ၇၀၀ခန့်ရှိကြောင်း သိရသည်။

Most Read

Most Recent