၁၂ နှစ်အရွယ် သမီးအရင်းကို ဖခင်က မုဒိမ်းပြုကျင့်မှု သန်လျင်မြို့နယ်တွင် ဖြစ်ပွား

၁၂ နှစ်အရွယ် သမီးအရင်းကို ဖခင်က မုဒိမ်းပြုကျင့်မှု သန်လျင်မြို့နယ်တွင် ဖြစ်ပွား
Published 4 March 2018

၁၂ နှစ်အရွယ် သမီးအရင်းကို ဖခင်က မုဒိမ်းပြုကျင့်မှု သန်လျင်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မတ် ၁ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ညောင်သုံးပင်ကျေးရွာနေ ဒေါ်.......(၃၅ နှစ်) သည် ဗိုလ်တထောင်မြို့နယ်ရှိ ဘိုကလေးဈေးသို့သွားကာ နေအိမ်သို့ ပြန်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လာစဉ် သမီးဖြစ်သူ မ......(၁၂ နှစ် ၉ လ) က ငိုယိုပြီး ‘အမေပြောစရာ ရှိတယ်’ ဟု ပြောသဖြင့် သမီးဖြစ်သူကို မေးမြန်းခဲ့ကြောင်း၊ ထိုသို့မေးမြန်းရာ သမီးဖြစ်သူ မ..... (၁၂ နှစ် ၉ လ) က နေအိမ်တွင် အသက်ငါးနှစ်အရွယ် ညီမငယ်နှင့်အတူ အိပ်ပျော်နေစဉ် ၎င်းအား ဖခင်ဖြစ်သူ အေးသိန်း (ခ) လဟင်း (၄၄ နှစ်) က အတင်းအဓမ္မ မုဒိမ်းကျင့်သည်ဟု ပြောပြကြောင်း၊ ထို့ကြောင့် အေးသိန်း (ခ) လဟင်း (၄၄ နှစ်) ကို အရေးယူပေးရန် မိခင်ဖြစ်သူ ဒေါ်...... (၃၅ နှစ်) က သန်လျင်မြို့မရဲစခန်းသို့ တိုင်တန်းခဲ့သဖြင့် သန်လျင်မြို့မရဲစခန်းက အေးသိန်း (ခ) လဟင်း (၄၄ နှစ်) ကို (ပ)၆၄၆/ ၂၀၁၈၊ ရာဇ သတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိတွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား သေဒဏ်ပေးရန် အများပြည်သူများက သဘောထားလက်မှတ်များ ကောက်ခံလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent