စစ်တွေ ကမ်းခြေ နှင့် သံတွဲကမ်းခြေတို့တွင် သဲပုံစေတီပွဲ ကျင်းပပြုလုပ်

စစ်တွေ ကမ်းခြေ နှင့် သံတွဲကမ်းခြေတို့တွင် သဲပုံစေတီပွဲ ကျင်းပပြုလုပ်
Published 2 March 2018

ဓါတ်ပုံ - သန်းလှိုင်

ရခိုင်ပြည်နယ် စစ်တွေ ကမ်းခြေ နှင့် သံတွဲကမ်းခြေတို့တွင် မတ်လ ၁ ရက်နေ့က သဲပုံစေတီပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သဲပုံစေတီပွဲကို တပေါင်းလပြည့်နေ၌ နှစ်စဉ် ကျင်းပလေ့ရှိပြီ ရခိုင်တွင် သျှစ်သောင်းမြှောက်ပွဲဟုလည်း ခေါ်ဆိုကြောင်းသိရသည်။

"သဲပုံစေတီပွဲဆိုတာက ကုသိုလ်ကောင်းမှုတွေ လုပ်တဲ့ပွဲဖြစ်တယ်။ သဲပုံစေတီပွဲ ပြုလုပ်ခြင်းအားဖြင့် ကုသိုလ်ရတယ်။ ဒါကြောင့် ဒီနေ့ခေတ်လူငယ်တွေဟာ သဲပုံစေတီပွဲကို စိတ်ဝင်စားလာကြတယ်။ အရင်ကတည်းက ရှိခဲ့တာဖြစ်ပေမယ့် မကျင်းပရင် လူငယ်တွေ မသိဘူးပေါ့။ ကိုယ်နှစ်သက်တဲ့ စေတီ၊ ပုထိုးတော်တွေကို သဲနဲ့ပြုလုပ်ပြီး ပူဇော်ကြတာ ဖြစ်တယ်။ ပင်လယ်ကမ်းစပ်မှာ လုပ်တာဖြစ်တဲ့အတွက် ညနေဆိုရင် ဒီရေတက်လာတော့ ပျက်သွားတယ်ပေါ့။ ဘာဖြစ်လို့လည်းဆိုရင် စေတီတည်ပြီးရင် ပြန်ဖျက်လို့မရဘူး။ သဘာဝက ဖျက်လိုက်မှ ရတယ်။ ရခိုင်မှာတော့ သျှစ်သောင်းမြှောက်ပွဲလို့လည်း ခေါ်ကြ တယ်"ဟုလည်း ဦးကျော်မိုးအောင်က ပြောကြားခဲ့သည်။

အဆိုပါ သဲပုံစေတီပွဲသို့ လာရောက် လေ့လာကြည့်ရှု အားပေးသူ များပြားခဲ့ကြောင်းလည်း သိရှိရပြီး ရခိုင်ပြည်နယ်အတွင်းမှ ပုထိုးတော်များ၏ ပုံများနှင့် စေတီတော်များ၏ပုံများအပြင် ဗုဒ္ဓဆင်းတုတော် ပုံများကိုလည်း သဲဖြင့် ပြုလုပ်တည်ထား ကိုးကွယ်ခဲ့ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent