ပေါင်းတည်မြို့နယ် မှတ်တိုင်နယ်မြေတွင် ၁၃ နှစ်သမီးအား ပထွေးဖြစ်သူက ဓားဖြင့်ခြိမ်းခြောက်ကာ သားမယားပြုကျင့်မှုဖြစ်ပွား

ပေါင်းတည်မြို့နယ် မှတ်တိုင်နယ်မြေတွင် ၁၃ နှစ်သမီးအား ပထွေးဖြစ်သူက ဓားဖြင့်ခြိမ်းခြောက်ကာ သားမယားပြုကျင့်မှုဖြစ်ပွား
Published 1 March 2018

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင် ပေါင်းတည်မြို့တွင် ၁၃ နှစ်သမီးအား ပထွေးဖြစ်သူက ဓားဖြင့်ခြိမ်းခြောက်ကာ သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါင်းတည်မြို့နယ် ပျံချီတက်အုပ်စု၊ ညောင်နီပင်ရွာတွင် မ----(၃၃ နှစ်) သမီးဖြစ်သူမ (၁၃ နှစ်)၊ သမီးအငယ် (၁၁ နှစ်) နှင့် နောက်အိမ်ထောင်ဖြစ်သူ နိုင်နိုင်စိုး (ခ) ဘီးချဲတို့မှာ ဖေဖော်ဝါရီ ၂၆ ရက် ည ၁၀ နာရီခန့်က နေအိမ်တွင် အိပ်နေကြစဉ် ပထွေးဖြစ်သူ ဘီးချဲက အရက်မူးယစ်ကာ သမီးဖြစ်သူ (၁၃ နှစ်) အား ၎င်းနားတွင်လာအိပ်ရန် ပြောဆိုခဲ့ရာ မ----(၃၃ နှစ်) က သွားမအိပ်ရန် ပြောဆိုခဲ့သော်လည်း အတင်းအကျပ် ခိုင်းစေသောကြောင့် သွားရောက်အိပ်ခဲ့ရကြောင်း၊ နာရီဝက်ခန့်အကြာတွင် ဘီးချဲဖြစ်သူမှာ သမီးဖြစ်သူ မ ----- (၁၃ နှစ်) အား သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

သားမယားအဖြစ် ပြုကျင့်နေကြောင်းသိ၍ မိခင်ဖြစ်သူမှာ တားမြစ်သော်လည်း ပထွေးဖြစ်သူမှာ ဓားဦးချွန်ကိုဘေးတွင်ချကာ အရှက်မကွဲချင်ရင် မအော်နဲ့၊ အော်လျှင် ဓားဖြင့်ထိုးမည်ဟုပြောဆိုကာ သားမယားအဖြစ် ဆက်လက်ပြုကျင့်နေခဲ့၍ ရဲစခန်းတွင် လာရောက်အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သားမယားအဖြစ်ပြုကျင့်ခဲ့သူအား မှတ်တိုင်နယ်မြေရဲစခန်းတွင် (ပ) ၂၂/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။