မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သူ ထိပ်တန်း ၁၀၀ စာရင်းထုတ်ပြန်ရာတွင် မြေကွက်ရောင်းချပြီး ဝင်ငွေခွန်ထမ်းဆောင်သူများ ပါဝင်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သူ ထိပ်တန်း ၁၀၀ စာရင်းထုတ်ပြန်ရာတွင် မြေကွက်ရောင်းချပြီး ဝင်ငွေခွန်ထမ်းဆောင်သူများ ပါဝင်
Published 27 February 2018

မန္တလေးတိုင်းဒေသကြီးအတွင်း ဝင်ငွေ ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သူ ၅၀ စီ စာရင်းထုတ်ပြန်ရာတွင်  ထိပ်တန်းအခွန်ထမ်းများစာရင်း၌ မြေကွက်ရောင်းချ၍ ဝင်ငွေခွန်ထမ်းဆောင်သူများ ပါဝင်ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ပြန်မှု အရ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အများဆုံး ဝင်ငွေခွန်ထမ်းဆောင်သူ ၅၀ စာရင်း တွင် New Star Light  ဆောက်လုပ်ရေးကုမ္ပဏီမှ ထိပ်ဆုံးတွင်ရှိနေပြီး Europe & Asia Commercial ကုမ္ပဏီက ဒုတိယနေရာတွင် ရှိနေသည်။ ထို့ပြင် Kyaw Nyo Myat၊ Lucky Group၊ Jin Long Myanmar Machinery Trading၊ စွမ်းအားမြင့်၊ နန်ယန်၊ အဏ္ဏဝါမြန်မာကုမ္ပဏီများနှင့် ဦးကျော်ကျော်ဝင်းတို့က အစဉ်လိုက်ရပ်တည်နေပြီး Man Shwe Li (MDY) INTL က အဆင့် (၁၀) နေရာတွင် ရပ်တည်နေကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အများဆုံး ဝင်ငွေခွန်ထမ်းဆောင်သူ ၅၀ ဦးစာရင်း၌ အဆင့် ကိုးနေရာတွင်ရှိနေသည့် ဦးကျော်ကျော်ဝင်းမှာ မြေကွက်ရောင်းချ၍ အခွန်အများဆုံး ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး အဆင့် (၁၆) နေရာရှိ ဦးဂျလပါ သုံးဦး၊ အဆင့် (၂၀) နေရာမှ ဒေါ်အေးမြတ်နွယ်၊ အဆင့် (၂၄) နေရာမှ ဒေါ်ဝမ်ပွိုင့်ကြီး၊ အဆင့် (၂၈) မှ ဒေါ်ဝင်းဝင်းဌေး၊ အဆင့် (၃၂) နေရာမှ ဒေါ် ရန်ဆွင်ချင်၊ အဆင့် (၃၃) နေရာမှ ဦးစောနိုင် (ခ) လီချင်းစိန် + ဒေါ်လောဆုံ၊ အဆင့် (၃၄) နေရာမှ ဒေါ်ရွှေရှမ်း၊ အဆင့် (၃၇) နေရာမှ ဦးတင်ရှိန်ပါနှစ်ဦးနှင့် အဆင့် (၄၂) နေရာမှ ဒေါ်သင်းသင်းမေ (ဆက်ခံ) ဦးအောင်ဇော်မြင့်တို့မှာ မြေကွက်ရောင်းချ၍ ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သူ ၅၀ စာရင်းတွင် New Star Light ဆောက်လုပ်ရေးကုမ္ပဏီမှပင် ထိပ်ဆုံးတွင် ရှိနေပြီး Kyaw Nyo Myat၊ Jin Long Myanmar Machinery Trading၊ စွမ်းအားမြင့်ကုမ္ပဏီတို့က အစဉ်လိုက်ရပ်တည်နေကာ ဦးထွန်းဝင်းမှာ အဆင့်ငါးနေရာတွင် ရှိနေသည်။ အဆင့်ခြောက်နေရာတွင် Wiseland Investment Myanmar၊ အဆင့်ခုနစ်နေရာတွင် Man Shwe Li (MDY) အဆင့် ရှစ်နေရာတွင် New Star Light ကုမ္ပဏီများနှင့် အဆင့်ကိုးနေရာတွင် ဦးချမ်းမြေ့ဦး တို့ရှိနေကာ အဆင့် (၁၀) နေရာတွင် Golden Path Trading ကုမ္ပဏီတို့က ရပ်တည်နေ ကြောင်း သိရသည်။

Most Read

Most Recent