အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ရန်ကုန်တိုင်းဒေသကြီး) နှင့် ပြည်သူလူထု ပူးပေါင်း၍ ၀ါဆိုသင်္ကန်းကပ်လှူ ပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်းအနား ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာသဒ္ဒမဇောတိကဓဇ ဆရာတော် ဒေါက်တာဘဒ္ဒန္တက္ကဒ္ဓိဗလ၏ သြ၀ါဒကို ခံယူ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ရန်ကုန်တိုင်းဒေသကြီး) နှင့် ပြည်သူလူထု ပူးပေါင်းကာ ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူခြင်း အခမ်းအနားကို သြဂုတ် ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်းရှိ ပရိယတ္တိပဋိပတ္တိသာသနာပြု မူလဆယ်တောင်ပြည့်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ – စည်သူ