လားရှိုးမြို့ ရိုးမဘဏ်ခွဲ ပေါက်ကွဲမှုတွင် ဘဏ်ဝန်ထမ်းနှစ်ဦး သေဆုံးကြောင်း ရိုးမဘဏ်ထုတ်ပြန်

လားရှိုးမြို့ ရိုးမဘဏ်ခွဲ ပေါက်ကွဲမှုတွင် ဘဏ်ဝန်ထမ်းနှစ်ဦး သေဆုံးကြောင်း ရိုးမဘဏ်ထုတ်ပြန်
Published 22 February 2018

လားရှိုးမြို့ လမ်းမတော်လမ်းတွင် ဖွင့်လှစ်ထားသည့် ရိုးမဘဏ် (၁) တွင် ယနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ညနေပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ရိုးမဘဏ်မှ ဝန်ထမ်းနှစ်ဦး သေဆုံးသွားကြောင်း ရိုးမဘဏ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် ယနေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်ခန့်တွင် ရိုးမဘဏ် လားရှိုး(၁) ဘဏ်ခွဲတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် ရိုးမဘဏ်၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သော လားရှိုး (၁) ဘဏ်ခွဲမှ ရိုးမဘဏ် ဝန်ထမ်းနှစ်ဦး ကွယ်လွန်သွားကြောင်း စိတ်မကောင်းစွာဖြင့် အသိပေးအပ်ပါသည် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး ယင်းဆုံးရှုံးမှုအတွက် ရိုးမဘဏ်အနေဖြင့် များစွာ စိတ်မကောင်းဝမ်းနည်းဖြစ်ရပါကြောင်း၊ ယခုကဲ့သို့ စိတ်မကောင်းဖြစ်ရသည့် အခြေအနေတွင် ရိုးမဘဏ်သည် One Bank အဖြစ် စည်းလုံးညီညွတ်စွာ တစ်သားတည်းဆက်လက်ရပ်တည်သွားရမည် ဖြစ်ပြီး ကွယ်လွန်သူ ဝန်ထမ်းနှစ်ဦး ဆုံးရှုံးမှုကို ဝမ်းနည်းကြေကွဲသောအားဖြင့် လားရှိုးမြို့ရှိ ရိုးမဘဏ်ခွဲ နှစ်ခုစလုံးကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှစတင်၍ ယာယီပိတ်ထားမည် ဖြစ်ကာ လားရှိုးမြို့ရှိ ဘဏ်ခွဲများ ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ပြန်လည်အသိပေး အကြောင်းကြားသွားမည်ဖြစ်ပြီး အခြားမြို့များရှိ ရိုးမဘဏ်ခွဲများကို ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရိုးမဘဏ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားချက်အရ သိရသည်။

Most Read

Most Recent