လှိုင်သာယာစက်မှုဇုံရှိ PREMIER COFFEE စက်ရုံမှ အလုပ်သမားများ အလုပ်သမား အခွင့်အရေး စုပေါင်းတောင်းဆိုမှု၊ အငြင်းပွားမှုများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

လှိုင်သာယာစက်မှုဇုံရှိ PREMIER COFFEE စက်ရုံမှ အလုပ်သမားများ အလုပ်သမား အခွင့်အရေး စုပေါင်းတောင်းဆိုမှု၊ အငြင်းပွားမှုများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
Published 21 February 2018

ဓါတ်ပုံ-ပြည့်ဖြိုးအောင်

လှိုင်သာယာစက်မှုဇုံရှိ PREMIER COFFEE စက်ရုံမှ အလုပ်သမားများသည် အလုပ်သမား အခွင့်အရေး စုပေါင်းတောင်းဆိုမှု၊ အငြင်းပွားမှုများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီတွင် အဆိုပါ စက်ရုံရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
အဆိုပါ သတင်းစာရှင်းလင်းပွဲကို ပရီမီယာကော်ဖီ အခြေခံအလုပ်သမား အဖွဲ့အစည်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက အလုပ်သမား အခွင့်အရေး တောင်းဆိုချက်များနှင့် ပတ်သက်၍ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့မှု၊ မပြေလည်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး တရားလွှတ်တော်ရှေ့နေ ဦးဌေးကလည်း အလုပ်သမားများ၏ စုပေါင်းတောင်းဆိုမှုများသည် တရားဥပဒေနှင့်ညီကြောင်း ဥပဒေပိုင်းအရ ရှင်းလင်းပြောကြားခဲ့သည်။
 
လှိုင်သာယာစက်မှုဇုံရှိ PREMIER COFFEE စက်ရုံမှ အလုပ်သမားများက အလုပ်သမား အခွင့်အရေး ရရှိရေးအတွက် ဖေဖော်ဝါရီ ၁၃ ရက် နံနက်၆ နာရီမှ စတင်ကာ ယနေ့အထိ PREMIER COFFEE စက်ရုံရှေ့၌ စုပေါင်းတောင်းဆိုမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent