မောင်တောမြို့နယ်တွင် နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား NV Card ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် NV Card ဆိုင်ရာ သိသင့်သောအချက်များအား မြန်မာ၊ ဘင်္ဂါလီ၊ အင်္ဂလိပ်ဘာသာဖြင့်ရေးသားကာ ကြေညာထား

မောင်တောမြို့နယ်တွင် နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား NV Card ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် NV Card ဆိုင်ရာ သိသင့်သောအချက်များအား မြန်မာ၊ ဘင်္ဂါလီ၊ အင်္ဂလိပ်ဘာသာဖြင့်ရေးသားကာ ကြေညာထား
Published 20 February 2018

မောင်တောမြို့နယ်တွင် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား NV Card ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် NV Card ဆိုင်ရာ သိသင့်သောအချက်များအား မြန်မာ၊ ဘင်္ဂါလီ၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားကာ  ပိုစတာများဖြင့် ကြေညာထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (National Vertification Card - NVC) ကို ထုတ်ပေးလျက်ရှိရာ ၂၀၁၇ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ NV Card ထုတ်ယူသူ ၅၁၆၂ ဦးရှိခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၁၆ ခုနှစ်အတွင်း NV Card ၂၄၀၀ ကျော်ကို ထုတ်ပေးခဲ့ကြောင်းလည်း သိရသည်။

အစိုးရသစ် စတင်တာဝန်ယူသည်မှစ၍ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ဖြင့် စိစစ်မှုခံယူရန် လျှောက်ထားသော အစ္စလာမ်ဘာသာဝင်များအား တည်ဆဲဥပဒေများနှင့်အညီ စိစစ်၍ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံသာစိစစ်ခံမည့်သူများအနေဖြင့် မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ထားခြင်းမရှိပါက NV Card အား ဥပဒေနှင့်အညီ ဦးစွာကိုင်ဆောင်ကြရမည်ဖြစ်၍ NV Card ရယူ ကိုင်ဆောင်စေရေးအတွက် NV Card ကိုင်ဆောင်မည့်သူများ ရရှိနိုင်မည့်အခွင့်အရေးများနှင့် လိုက်နာရန်များအကြောင်းကို မွတ်စလင်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ဒေသနေသူများ၊ ငါးဖမ်းစက်လှေများမှ ငါးဖမ်းသမားများအား ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဝင်များက ရခိုင်ပြည်နယ်ခရီးစဉ်တိုင်းတွင် ရှင်းလင်းအသိပေးဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ထို့ပြင် NV Process ဆောင်ရွက်နေခြင်းနှင့်အတူ နိုင်ငံသားလျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများကို တစ်ပါတည်း ထုတ်ပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်များတွင် အစ္စလာမ်ဘာသာဝင်များ ပိုမိုပူးပေါင်းပါဝင်လာစေရေးအတွက် ရခိုင်ပြည်နယ်ဆိုင်ရာ ကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီက မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့များနှင့်  ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

ထို့ပြင်  NV Card (သို့မဟုတ်) နိုင်ငံသား အသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်ထားသူများ၏ လွတ်လပ်စွာသွားလာခွင့်နှင့် စပ်လျဉ်းသော ကန့်သတ်ချက်များကို ဖယ်ရှားနိုင်ရန် အချိန်ကာလနှင့် အရေးပါသောမှတ်တိုင်များ (Milestones) ပါဝင်သည့် လမ်းပြမြေပုံ ကိုရေးဆွဲ၍ ပထမအဆင့်အနေဖြင့် မောင်တောခရိုင်အတွင်း လွတ်လပ်စွာသွားလာနိုင်ရန် လုံခြုံရေးအစီအမံများ တိုးမြှင့်ဆောင်ရွက်ပေးခြင်း၊ တစ်ဖက်နှင့်တစ်ဖက် သွားလာသူများကို ရန်ပြုနှောင့်ယှက်ဟန့်တားမှု တစ်စုံတစ်ရာ ပြုလုပ်ပါက တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်း ကမ်းများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ကျယ်ပြန့်စွာအသိပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent