မိတ္ထီလာမြို့နယ် ဥယျာဉ်ကုန်းကျေးရွာတွင် နဝမတန်းကျောင်းသားက ငါးတန်းကျောင်းသူအား ဓမ္မတာနှင့်ဆန့်ကျင်ကာ သားမယားပြုကျင့်မှုဖြစ်ပွား

မိတ္ထီလာမြို့နယ် ဥယျာဉ်ကုန်းကျေးရွာတွင် နဝမတန်းကျောင်းသားက ငါးတန်းကျောင်းသူအား ဓမ္မတာနှင့်ဆန့်ကျင်ကာ သားမယားပြုကျင့်မှုဖြစ်ပွား
Published 20 February 2018

မိတ္ထီလာမြို့နယ် ဥယျာဉ်ကုန်းကျေးရွာတွင် နဝမတန်းကျောင်းသားတစ်ဦးက အသက် ၁၁ နှစ်ကျော် ငါးတန်းကျောင်းသူ မိန်းကလေးငယ်တစ်ဦးအား ဓမ္မတာနှင့် ဆန့်ကျင်ကာ သားမယားပြုကျင့်မှုဖြစ်ပွားခဲ့သဖြင့် အရေးယူပေးပါရန် တိုင်တန်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက မိတ္ထီလာမြို့နယ် ဥယျာဉ်ကုန်းကျေးရွာနေ ဒေါ်...သည် အလုပ်မှ အိမ်ပြန်လာစဉ် သားဖြစ်သူ မှ  သမီးမ...မှာ အမူအယာ ပျက်နေကြောင်း ပြောပြသိရှိရသဖြင့် သမီးဖြစ်သူ မ... အသက် ၁၁ နှစ် ၁၁ လ၊ ငါးတန်းကျောင်းသူအား မေးမြန်းခဲ့ရာ အဆိုပါနေ့ မွန်းလွဲပိုင်းက နေအိမ် အနီးသူငယ်ချင်းအိမ်သို့ အလည်သွားစဉ် ခွေးဟောင်သဖြင့် နောက်သို့ပြန်ထွက်လာရာ အိမ်နီးနားချင်းဖြစ်သူ မောင်... အသက် ၁၅ နှစ် ခုနှစ်လကျော် နဝမတန်းကျောင်းသားမှ အနီးသို့ရောက်ရှိလာပြီး မအော်ရန် ပါးစပ်ပိတ်လက်ဆွဲကာ ဘောလုံးကွင်းအနီး ချုံပုတ်သို့ဆွဲခေါ်ကာ ဓမ္မတာနှင့် ဆန့်ကျင်ပြီး သားမယားပြုကျင့်ခဲ့ကြောင်း သိရှိရသဖြင့် မိခင်ဖြစ်သူက တရားလိုပြုလုပ်ကာ မိတ္ထီလာမြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ သိရသည်။

“ဒီဖြစ်စဉ်ကိုလေ့လာကြည့်ရင် ဘယ်လောက်ထိ သက်ငယ်မုဒိမ်းကိစ္စတွေက ဆိုးရွားနေပြီလဲဆိုတာ တွေ့ရတယ်။ ကောင်လေးကလည်း ကိုးတန်းကျောင်းသား အသက်မပြည့်သေးဘူး။ ကျူးလွန်ခံရတဲ့ ကောင်မလေးက ငါးတန်းကျောင်းသူ၊ တကယ်ကို ငယ်ငယ် လေးရှိသေးတယ်။ အဲဒါကျတော့ ကောင်လေးကလည်း အသက်မပြည့်သေးတော့ ဘယ်လို အရေးယူကြမလဲ။ စိတ်ပိုင်းဆိုင်ရာလည်း ကောင်မလေးကို ဘယ်လိုပြန်ကုသကြမလဲ။ ဒါတွေကို ဘယ်လိုလုပ်ကြမလဲ။ တာဝန်ရှိသူတွေအနေနဲ့ စဉ်းစားသင့်ပြီ။ ခေတ်ကာလအခြေအနေအရ ကိုယ့်သား၊ သမီးကို မျက်စိအောက်ကကို အပျောက်မခံရဲတော့ဘူး” ဟု မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်နေသူ တစ်ဦးက ပြောကြားသည်။ အဆိုပါအမှုအား မိတ္တီလာမြို့မရဲစခန်းမှ စခန်းမှုးဒုရဲမှူး ကျော်ထင်က အမှုစစ်ပြုလုပ်ကာ (ပ) ၇၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent