ဖောင်းပြင်မြို့နယ်တွင် သိန်း ၁၆၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ ဘိန်းမည်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖောင်းပြင်မြို့နယ်တွင် သိန်း ၁၆၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ ဘိန်းမည်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Published 19 February 2018

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် သိန်း ၁၆၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ ဘိန်းမည်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၃ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖောင်းပြင်မြို့နယ် ရွှေထီးကုန်းအုပ်စု ကောင်းမောင်းရွာ သန်းဝင်း၏နေအိမ်တွင် မူးယစ်ဆေးဝါး ရောင်းချနေကြောင်းသတင်းအရ ရဲအုပ်ဝင်းဇော်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ သန်းဝင်း (၃၃ နှစ်) ကို နေအိမ်အိပ်ခန်းတွင် အိပ်လျက်တွေ့ရှိရပြီး အိပ်ခန်းအတွင်းနှင့် မျက်နှာချင်းဆိုင်ရှိ အိပ်ခန်းလွတ်အတွင်းမှ ဘိန်းဖြူ စုစုပေါင်းအလေးချိန် ၈၀ ဒသမ ၇ ဂရမ် (တန်ဖိုးကျပ် ၈၀၇၀၀၀၀) ကိုလည်းကောင်း၊ ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင် လေလုံပလတ်စတစ်အိတ် အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၆၈၅ ပြား၊ (တန်ဖိုး ကျပ် ၃၄၂၅၀၀၀) ကိုလည်းကောင်း၊ ပလတ်စတစ် အကြည်ဖြင့်ထည့်လျက် ဘိန်းမည်း အမည်းရောင် အစေးထုပ်ပိုးခွံပါ အလေးချိန် ၂၈၅၀ ဂရမ်ခန့် (တန်ဖိုး ကျပ် ၅၂၃၅၄၅၀)၊ စုစုပေါင်း ဘိန်းဖြူ၊ ဘိန်းမည်း၊ ဆေးပြားတန်ဖိုး ကျပ် ၁၆၇၃၀၄၅၀ တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက်ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းရှိ ကျွန်းသေတ္တာအတွင်းမှ မူးယစ်ဆေးဝါးရောင်းချရငွေ ၁၅၄၀၉၀၀ ကျပ် ထပ်မံသိမ်းဆည်းရမိပြီးနောက် သန်းဝင်းအား ဖောင်းပြင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ မယ(ပ) ၈/၁၈၊ မူး/ စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြာင်း သိရသည်။

Most Read

Most Recent