ရီးယဲလ်ကို ဂိုးပြတ်ရှုံးနိမ့်သော်လည်း မဖြစ်နိုင်သည့်အရာမရှိဟု နေမာ ကြုံးဝါး

ရီးယဲလ်ကို ဂိုးပြတ်ရှုံးနိမ့်သော်လည်း မဖြစ်နိုင်သည့်အရာမရှိဟု နေမာ ကြုံးဝါး
Published 16 February 2018

PSG အသင်းတိုက်စစ်မှူးနေမာက ချန်ပီယံလိဂ် ပထမအကျော့တွင် ရီးယဲလ်အသင်း အား (၃-၁) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်သော်လည်း ဒုတိယအကျော့အတွက် မဖြစ်နိုင်သည့်အရာ မရှိကြောင်း ကြုံးဝါးပြောဆိုသည်။

PSG အသင်းသည် ၃၃ မိနစ်တွင် ကွင်းလယ်ကစားသမား ရာဘီယူ သွင်းယူသည့်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးများပြန်ပေးရပြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ သို့သော် နေမာက “ကျွန်တော်တို့ အမှား လုပ်မိခဲ့တယ်လို့ပဲ မြင်ပါတယ်။ ပွဲရဲ့ အဆုံးသတ်ပိုင်းမှာ လုံလောက်တဲ့ရင့်ကျက်မှု မရှိခဲ့ပါဘူး။ ကျွန်တော်တို့ကစားတာ မညံ့ပါဘူး။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်ကိုဖြုတ်ချဖို့ဆိုရင် အခုထက်ပိုကောင်းဖို့ လိုမယ်လို့တော့ ထင်ပါတယ်။ သူတို့ကိုကျော်ဖြတ်ဖို့ဆိုတာ ခက်ခဲမှာပါ။ ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း တော်တော်ဆိုးတဲ့ အခြေအနေရင်ဆိုင်ခဲ့ရပေမယ့် ကျွန်တော်တို့ကျော်ဖြတ်နိုင်ခဲ့ (ပထမအကျော့တွင် PSG အား ဘာစီလိုနာအသင်း လေးဂိုးပြတ် ရှုံးနိမ့်ပြီး ဒုတိယအကျော့တွင် ၆-၁ ဂိုးဖြင့် ပြန်လည်အနိုင်ရခဲ့) ပါတယ်။ အဲဒီထက်ပိုကောင်းအောင် စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။ PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီကလည်း ယခုရှုံးပွဲအတွက် ဒိုင်လူကြီးရော့ခီ၏ ဆုံးဖြတ်ချက်များကို ဝေဖန်ပြစ်တင်ခဲ့သည်။

Most Read

Most Recent