NLD ပါတီ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ဇာတိဖြစ်သော လက်ဆောင်ယူကျေးရွာ ရွာလုံးကျွတ်နီးပါး ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်

NLD ပါတီ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ဇာတိဖြစ်သော လက်ဆောင်ယူကျေးရွာ ရွာလုံးကျွတ်နီးပါး ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်
Published 16 February 2018

NLD ပါတီ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးနွယ်အေး၏ ဇာတိရွာဖြစ်သော မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် လက်ဆောင်ယူကျေးရွာအုပ်စု လက်ဆောင်ယူကျေးရွာမှ ရွာလုံးကျွတ်နီးပါး USDP ပါတီ သို့ ဝင်ရောက်ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် ၁၈ နှစ်အထက် မဲပေးနိုင်သူ ၁၃၃၂ ဦးရှိသည့်အနက် ၉၈၀ ဦး USDP ပါတီဝင်ဖြစ်လာခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မီဒီယာတာဝန်ခံ ဦးကျော်စန်းက ဆိုသည်။

“လက်ဆောင်ယူကျေးရွာမှာ ရပ်/ကျေး ပါတီဥက္ကဋ္ဌများ တာဝန်ပေးအပ်ပွဲနဲ့ ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနား မနေ့က ကျင်းပခဲ့ပါတယ်။ ကျွန်တော်တု့ိပါတီဝင်ဖြစ်ပြီးသား ကျေးရွာသူ၊ ကျေးရွာသားက၂၁၅ ဦးပါ။ မနေ့ကမှပါတီဝင်အဖြစ် ဝင်ရောက်လာတာ ၇၆၅ ဦးဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ဆောင်ရွက်မှုများ၊ အမျိုးဘာသာသာသနာ စောင့်ရှောက်မှုများကို နှစ်ခြိုက်သည့်အတွက် ပါတီဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း လက်ဆောင်ယူကျေးရွာနေ ဒေါ်မြင့်မြင့်စန်းက ပြောကြားသည်။

“လက်ဆောင်ယူကျေးရွာက တံတားဦး လွှတ်တော်ကိုယ်စားလှယ်ဒေါ်စိုးနွယ်အေးရဲ့ ရွာဆိုတာ ဟုတ်ပါတယ်။ အဲဒီရွာက နဂိုတည်းက ပြည်ခိုင်ဖြိုးပါတီဘက် ယိမ်းတဲ့ ရွာပါ။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း NLD ပါတီက အဲဒီနေရာမှာ ရှုံးခဲ့တာပါပဲ။ပြီးတော့ ယခင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးရဲ့အမျိုးတွေ အဲဒီမှာရှိတယ်” ဟု တံတားဦးမြို့ခံတစ်ဦးက ဆိုသည်။

Most Read

Most Recent