မြန်မာ့သင်္ဘောကျင်း လုပ်ငန်းမှ ၁၉၇၀ ပြည့်နှစ်မှ လက်ရှိဘဏ္ဍာနှစ်အထိ ၄၈ နှစ်အတွင်း ရေယာဉ်သစ် ၅၂၈ စင်းနှင့် ရေယာဉ် ၁၅၈၃ စင်း လွန်းတင်ပြင်ဆင်နိုင်ခဲ့

မြန်မာ့သင်္ဘောကျင်း လုပ်ငန်းမှ ၁၉၇၀ ပြည့်နှစ်မှ လက်ရှိဘဏ္ဍာနှစ်အထိ ၄၈ နှစ်အတွင်း ရေယာဉ်သစ် ၅၂၈ စင်းနှင့် ရေယာဉ် ၁၅၈၃ စင်း လွန်းတင်ပြင်ဆင်နိုင်ခဲ့
Published 16 February 2018

၁၉၇၀ ခုနှစ်တွင် သင်္ဘောကျင်းတစ်ခုအဖြစ် စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် ရေယာဉ်တည်ဆောက်ရေး၊ ရေယာဉ်ပြင်ဆင်ရေး လုပ်ငန်းများအား ဆောင်ရွက်ပေးနေသည့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသည် စတင်ချိန်မှ ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ထိ သက်တမ်း ၄၈ နှစ်အတွင်း ရေယာဉ်သစ် ၅၂၈ စီးနှင့်ရေယာဉ် ၁၅၈၃စီး လွန်းတင် ပြင်ဆင်ပေးနိုင်ခဲ့ကြောင်း မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ စတင်ကာ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ကုန်ကြမ်းပစ္စည်းအတွက် သုံးစွဲမည့်ငွေ၏ ၂၂ ရာ ခိုင်နှုန်းသာရရှိခဲ့ပြီး ကျန်ငွေအား ဌာနလုပ် ငန်းဆောင်ရွက်သည့်ငွေမှ ကျခံသုံးစွဲခဲ့ပြီး ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်မှစတင်ကာ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စတင်တည်ဆောက်ချိန်က လျှောလမ်း သုံးလွန်းကျင်းသာရှိခဲ့ပြီး တန်ချိန် ၂၀၀၀ အထိ ရေယာဉ်များသာ တည်ဆောက်ပြင်ဆင်ပေးနိုင်ခဲ့ရာမှ ၂၀၁၅ ခုနှစ်မှ စတင်ကာ တန်ချိန် ၁၂၀၀၀ ရေလုံသင်္ဘောကျင်း တည်ဆောက်ပြီးခဲ့ချိန်မှစ၍ ရန်ကုန်မြစ်အတွင်း ဝင်ရောက်နိုင်သည့် ရေယာဉ်ကြီးများအား လွန်းတင်ပြင်ဆင်ပေးနိုင်ခဲ့သည်။

“ကျွန်တော်တို့ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းအနေနဲ့ ၁၉၇၀ခုနှစ်ကနေ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်ထိ ရေယာဉ်သစ် ၅၂၈ စီး နှင့်ရေယာဉ် ၁၅၈၃ စင်းကိုလွန်းတင်ပြင်ဆင်ပေးနိုင်ခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ဘဏ္ဍာ နှစ်စနေ ဒီဇင်ဘာလထိ ရေယာဉ် ၁၄ စင်းကို လွန်းတင်ပြင်ဆင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး၊ ဆောက်လုပ်ငန်းရေး ဝန်ကြီးဌာန လက်အောက်၊ တံတားဦးစီးဌာနကနေ တံတားကြီးတွေတည်ဆောက်ရေး လုပ်ငန်းခွင်မှာ အသုံးပြုနိုင်ဖို့ တန်၄၀၀ တွဲရေယာဉ်သစ် သုံးစီးကိုလည်း တည်ဆောက်ပေးနိုင်ခဲ့ပါတယ်” ဟု မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ အထွေထွေ မန်နေဂျာဦးမြင့်ဇော်က ပြောကြားသည်။

Most Read

Most Recent