လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံပေါင်း ၅၀ ကျော်သို့ ဆန်တင်ပို့နေပြီး လက်ရှိဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် သုံးသန်းပြည့်တော့မည်ဖြစ်ပြီး စံချိန်တင်ပို့ကုန်အဖြစ် ရောက်ရှိနေ

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံပေါင်း ၅၀ ကျော်သို့ ဆန်တင်ပို့နေပြီး လက်ရှိဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် သုံးသန်းပြည့်တော့မည်ဖြစ်ပြီး စံချိန်တင်ပို့ကုန်အဖြစ် ရောက်ရှိနေ
Published 16 February 2018

ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန်ပွဲရုံတစ်ခုမြင်ကွင်း

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုသည် နှစ်ပေါင်း ၆၀ ကျော်အတွင်းတွင် ယခုဘဏ္ဍရေးနှစ် ဆန်တင်ပို့မှုမှာ စံချိန်တင်ရောက်ရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးစိုင်းကျော်က ပြောကြားသည်။

ယခု လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ နိုင်ငံပေါင်း ၅၀ ကျော် တင်ပို့နေချိန်ဖြစ်ပြီး ယခင်နှစ်များတွင် ပြည်ပဆန်တင်ပို့သည် တန် ၁ ဒသမ ၈ သန်း အမြင့်ဆုံး တင်ပို့ထားပြီး ယခုဘဏ္ဍာရေးနှစ်၌ ဆန်တန်ချိန် သုံးသန်းပြည့်တော့မည်ဖြစ်ပြီး စံချိန်တင်ပို့ကုန်အဖြစ် ရောက်ရှိနေကြောင်း အိမ်နီးချင်းနိုင်ငံများမှ ဆန်ဈေးကွက်သည် အမြင့်ဆုံးရောက်နေပြီး ၂၀၁၈ မြန်မာနိုင်ငံ၏ ဆန်စပါးထွက်ရှိမှု တန်ချိန်ထက် အရောင်းအဝယ် ပိုဖြစ်နိုင်သည်ဟု ဦးစိုင်းကျော်က ပြောကြားသည်။

“၂၀၁၈ ဆန်စပါးကဏ္ဍနဲ့ ပတ်သက်ပြီး ပြောရရင် မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးတွေ တစ်နိုင်တစ်ပိုင် လုပ်တဲ့သူတွေ တောင်သူတွေရော အဆင်ပြေတဲ့နှစ်လို့ ပြောရမှာပဲ။ အရင်နှစ်တွေထက် ဆန်စပါးက ၂၀၁၇ နှစ်ကုန်ခါနီးနဲ့ ၂၀၁၈ မှာ ပြည်ပတင်ပို့တာ များတယ်။ ဆန်စပါးဈေးကွက်အနေနဲ့ ပြောရရင် ၂၀၁၈ မှာ ကျွန်တော်တို့နိုင်ငံရဲ့ ဆန်ထွက်တဲ့ တန်ချိန်ထက် အရောင်းအဝယ် ပိုကောင်းနိုင်တယ်လို့ပြောလို့ရတယ်၊ အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ်တို့မှာလည်း ဆန်ဈေးက ဒီနှစ်မှာ ပိုမြင့်လာတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အနေအထားအနေနဲ့လည်း ဒီနှစ် ဆန်တစ်အိတ်ကို ၄၀၀၀ အထိ ပိုရကြတယ်။ အကျဉ်းချုံးပြောရရင် ၂၀၁၆-၁၇ မိုးစပါးရာသီနဲ့ ၂၀၁၇-၁၈ မိုးစပါးရာသီ နှိုင်းယှဉ်ရင် ဆန်တစ်အိတ် ကျပ် ၄၀၀၀ လောက်ပိုတယ်။ စပါးတင်း ၁၀၀ ဆိုရင် ခန့်မှန်း ၁၅၀၀၀၀ ပိုရကြတယ်။ တောင်သူတွေအနေနဲ့လည်း ၂၀၁၇-၁၈ မှာ စပါးဈေးကောင်းတဲ့အတွက် အဆင်ပြေကြမယ် ထင်ပါတယ်။ ဆန်တင်ပို့မှုကလည်း စာချုပ်တွေလည်းရှိ၊ တရုတ်ဘက်ကလည်း အမြဲဝယ်နေတဲ့အတွက် ဆန်ဈေးက ၂၀၁၈ မှာ ကျနိုင်မယ်လို့ မမြင်ပါဘူး။ ဒီနှစ်မှာ ၂၀၁၇-၁၈ မိုးစပါးရာသီ ထွက်လာပြီး နွေစပါးကလည်း ထွက်လာမှာ နည်းနည်း၊ လိုအပ်ချက်က များများ ဖြစ်နေမယ်။ ၂၀၁၈ ထွက်လာမည့် နွေစပါးလည်း ဈေးကာင်းရမယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဗဟိုအလုပ်မှုဆောင် ဦးစိုင်းကျော်က ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်းထိ ပြည်ပသို့ ဆန်တင်ပို့မှုသည် ဆန်တန်ချိန် သုံးသန်း စံချိန်တင် တင်ပို့ထားကြောင်း၊ ယခင်က စံချိန်တင် တင်ပို့မှုသည် ဆန်တန်ချိန် ၁ ဒသမ ၈ သန်းအထိ ရောက်ရှိခဲ့ပြီး ဆန်တန်ချိန် တန်နှစ်သန်းအထိ ပြည့်မီမှု မရောက်ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent