ကမ္ဘာ့ရွှေဈေး ၁၃၃၆ ဒေါ်လာဝန်းကျင်သို့ ပြန်တက်ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၉၇၀၀ အထိ မြင့်တက်

ကမ္ဘာ့ရွှေဈေး ၁၃၃၆ ဒေါ်လာဝန်းကျင်သို့ ပြန်တက်ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၉၇၀၀ အထိ မြင့်တက်
Published 15 February 2018

ကမ္ဘာ့ရွှေဈေးသည် ဖေဖော်ဝါရီ ၁၄ ရက်တွင် ၁၃၃၆ ဒေါ်လာဝန်းကျင်သို့ ပြန်ရောက်ပြီး ပြည်တွင်းဈေးကွက်တွင် ရွှေဈေးနှုန်း ကျပ် ၉၃၉၇၀၀ ဝန်းကျင်အထိမြင့်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀,၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇,၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀,၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၉၂၂,၁၀၀ အထိကျဆင်းခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ၉၃၀,၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ၉၄၀,၀၀၀ အထက်သို့ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ၉၃၀,၆၀၀၊ အောက်တိုဘာ ၃၀ နှင့် နိုဝင်ဘာ ၁ ရက်တွင် ၉၂၉,၂၀၀ အထိကျဆင်းခဲ့သည်။ နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀,၀၀၀ အောက်တွင်သာဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ၉၃၆,၂၀၀ အထိရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၆ ရက်တွင် ၉၂၆,၁၀၀၊ ဒီဇင်ဘာ ၁၉ ရက်တွင် ၉၁၇,၇၀၀၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇,၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈,၀၀၀၊ ဇန်နဝါရီ ၂၅ ရက်တွင် ကျပ် ၉၅၅,၇၀၀၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျပ် ၉၃၉,၇၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကိုပြန်ကြည့်ပါက နိုဝင်ဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၂၆,၉၀၀ (နိုဝင်ဘာ ၆ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၃၆,၂၀၀ (နိုဝင်ဘာ ၂၉ ရက်)၊ ဒီဇင်ဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၁၃,၂၀၀ (ဒီဇင်ဘာ ၁၃ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၃၇,၃၀၀ (ဒီဇင်ဘာ ၃၁ ရက်)၊ ဇန်နဝါရီလအတွင်း ပြည်တွင်းရွှေဈေးအနိမ့်ဆုံးနှုန်း ကျပ် ၉၃၃,၆၀၀ (ဇန်နဝါရီ ၄ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၅၅,၇၀၀ (ဇန်နဝါရီ ၂၅ ရက်) တို့ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ဧပြီလမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇူလိုင်တွင် ၁၂၀၅-၁၂၆၈ ဒေါ်လာ၊ သြဂုတ်တွင် ၁၂၅၈-၁၃၂၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၂၉၀-၁၃၅၆ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၂၆၁-၁၃၀၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၂၆၆-၁၂၉၆ ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၃၀ ဝန်းကျင်မှ ၇၀ ကျော်အထိရှိခဲ့သည်။

ဒီဇင်ဘာလဆန်းတွင် ကမ္ဘာ့ရွှေဈေးသည် အကျပိုင်းသို့ရောက်ခဲ့ပြီး ဒီဇင်ဘာ ၈ ရက်တွင် ၁၂၄၅ ဒေါ်လာအထိ၊ ဒီဇင်ဘာ ၁၃ ရက်တွင် ၁၂၃၈ ဒေါ်လာအထိကျဆင်းခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၁၅ ရက်တွင် ၁၂၅၄ ဒေါ်လာ၊ ဒီဇင်ဘာ ၂၉ ရက်တွင် ၁၃၀၆ ဒေါ်လာ၊ ဇန်နဝါရီ ၂ ရက်တွင် ဒေါ်လာ ၁၃၁၀၊ ဇန်နဝါရီ ၃ ရက်တွင် ၁၃၁၆ ဒေါ်လာ၊ ဇန်နဝါရီ ၅ ရက်တွင် ၁၃၂၅ ဒေါ်လာ၊ ဇန်နဝါ ရီ ၁၅ ရက်တွင် ၁၃၄၄ ဒေါ်လာ၊ ဇန်နဝါရီ ၂၅ ရက်တွင် ၁၃၆၄ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်တွင် ၁၃၃၆ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent