ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ပွိုင့် ၉၀ အောက်ရောက်ပြီး နိုင်ငံခြားငွေလဲနှုန်း ၁၃၂၆ ကျပ်အထိ ကျဆင်း

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ပွိုင့် ၉၀ အောက်ရောက်ပြီး နိုင်ငံခြားငွေလဲနှုန်း ၁၃၂၆ ကျပ်အထိ ကျဆင်း
Published 14 February 2018

ဖေဖော်ဝါရီ ၁၃ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ပွိုင့် ၉၀ အောက်ရောက်ပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၁၃၂၆ ကျပ်ဝန်းကျင်အထိ ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ မတ်လတွင် ၁၃၅၇-၁၃၇၀ ကျပ်၊ ဧပြီလတွင် ၁၃၄၇-၁၃၆၁ ကျပ်၊ မေလတွင် ၁၃၄၈-၁၃၆၃ ကျပ်၊ ဇွန်လတွင် ၁၃၅၀-၁၃၆၁ ကျပ်၊ ဇူလိုင်လတွင် ၁၃၅၅-၁၃၆၃ ကျပ်၊ သြဂုတ်လတွင် ၁၃၅၃-၁၃၅၈ ကျပ်၊ စက်တင်ဘာလတွင် ၁၃၄၇-၁၃၅၆ ကျပ်၊ အောက်တိုဘာလတွင် ၁၃၄၉-၁၃၅၈ ကျပ်၊ နိုဝင်ဘာလတွင် ၁၃၅၆-၁၃၅၉ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၅၄-၁၃၅၉ ကျပ်၊ ဇန်နဝါရီတွင် ၁၃၅၄-၁၃၂၃ ကျပ်တို့ဖြစ်ပြီး ဇန်နဝါရီတွင် ကွာဟချက်အများဆုံးဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းတွင် ၁၃၅၄ ကျပ်ဝန်းကျင်ဖြစ်ပေါ်နေရာမှ ဇန်နဝါရီ ၃ ရက်တွင် ၁၃၅၂ ကျပ်၊ ဇန်နဝါရီ ၅ ရက်တွင် ၁၃၄၉ ကျပ်၊ ဇန်နဝါရီ ၈ ရက်တွင် ၁၃၄၇ ကျပ်အထိ ဆက်ကျခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်တွင် ၁၃၄၇ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ဇန်နဝါရီ ၂၀ ရက်တွင် ကျပ် ၁၃၄၀၊ ဇန်နဝါရီ ၂၃ ရက်တွင် ၁၃၃၅ ကျပ်၊ ဇန်နဝါရီ ၂၄ ရက်တွင် ၁၃၃၂ ကျပ်၊ ဇန်နဝါရီ ၂၅ ရက်တွင် ၁၃၂၉ ကျပ်၊ ဇန်နဝါရီ ၂၆ ရက်တွင် ၁၃၂၇ ကျပ်၊ ဇန်နဝါရီ ၂၇ ရက်တွင် ၁၃၂၅ ကျပ်၊ ဇန်နဝါရီ ၂၉ ရက်တွင် ၁၃၂၃ ကျပ်အထိ ဆက်တိုက်ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီ ၁၂ ရက်တွင် ၁၃၂၉ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ကာ ဖေဖော်ဝါရီ ၁၃ ရက်တွင် ၁၃၂၆ ကျပ်အထိ ကျဆင်းခဲ့သည်။ ဖေဖော်ဝါရီ ၁၃ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းမှာ ကျပ် ၁၃၃၀ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent