ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ မြေဆီလွှာစွတ်စိုမှုသည် ခြောက်သွေ့အခြေအနေတွင်ရှိ

ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ မြေဆီလွှာစွတ်စိုမှုသည် ခြောက်သွေ့အခြေအနေတွင်ရှိ
Published 13 February 2018

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတစ်ခုတွင် စိုက်ပျိုးရေးလုပ်ကိုင်နေသူတစ်ဦးကို တွေ့ရစဉ်

ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ  မြေဆီလွှာစွတ်စိုမှုသည် ခြောက်သွေ့မှုအခြေအနေတွင်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ (ပထမ) ၁၀ ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စိုက်ပျိုးရေး မိုးလေဝသအခြေအနေများ အကျဉ်းချုပ်နှင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ (ဒုတိယ) ၁၀ ရက်ပတ်အတွက် စိုက်ပျိုးရေး မိုးလေဝသဆိုင်ရာ အချက်အလက်များ ခန့်မှန်းချက်တွင် ယင်းကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

မြေဆီလွှာအောင်းရေအခြေအနေအရ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ (ပထမ) ၁၀ ရက်ပတ်အတွင်း (မြေဆီလွှာစိုစွတ်မှု) အခြေအနေများမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မြေဆီလွှာ အောင်းရေအခြေအနေသည် (ခြောက်သွေ့) အခြေအနေတို့တွင် ရှိခဲ့ကြောင်းသိရသည်။

မိုးရွာသွန်းမှုအခြေအနေသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ (ပထမ) ၁၀ ရက်ပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ပျမ်းမျှမိုးရေချိန်ခန့်သာ ရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖေဖော်ဝါရီ (ပထမ) ၁၀ ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက် လျော့နည်းကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့၏ မြို့ကြီးများတွင် မိုးရွာသွန်းခြင်းမရှိကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမြင့်ဆုံးအပူချိန်အခြေအနေသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ (ပထမ) ၁၀ ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေအနေများသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရခိုင်ပြည်နယ် တို့တွင် ဖေဖော်ဝါရီ(ပထမ) ၁၀ ရက်ပတ်၏ ပျမ်းမျှ အမြင့်ဆုံးအပူချိန်တို့ခန့်သာရှိခဲ့ပြီး ဧရာ ဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်  ၁ ဒီဂရီဖာရင်ဟိုက်မှ ၂ ဒီဂရီဖာရင်ဟိုက်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် ၃ ဒီဂရီဖာရင်ဟိုက်မှ ၄ ဒီဂရီဖာရင်ဟိုက်အထိနှင့် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၅ ဒီဂရီဖာရင်ဟိုက်မှ ၆ ဒီဂရီဖာရင်ဟိုက်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၇ ဒီဂရီဖာရင်ဟိုက်ရှိခဲ့ပြီး ဖေဖော်ဝါရီ (ပထမ) ၁၀ ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံး အပူချိန်တို့ထက် ပိုခဲ့သည်။

အနိမ့်ဆုံးအပူချိန်အခြေအနေသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ (ပထမ)၁၀ ရက်ပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဖေဖော်ဝါရီ (ပထမ) ၁၀ ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ ခန့်သာ ရှိခဲ့ပြီး မွန်ပြည်နယ်တွင် ၁ ဒီဂရီဖာ ရင်ဟိုက်၊ ချင်းပြည်နယ်တွင် ၆ ဒီဂရီဖာရင်ဟိုက်ခန့်၊ ဖေဖော်ဝါရီ (ပထမ) ၁၀ ရက်ပတ် ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့အောက် လျော့နည်းကာ၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင် ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁ ဒီဂရီဖာရင်ဟိုက်မှ ၃ ဒီဂရီဖာရင်ဟိုက်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် ၄ ဒီဂရီ ဖာရင်ဟိုက်မှ ၅ ဒီဂရီဖာရင်ဟိုက်အထိ နှင့် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် ၇ ဒီဂရီဖာရင်ဟိုက်ရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီ(ပထမ) ၁၀ ရက်ပတ်၏  ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ထက် ပိုခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent