၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထမနဲ ထိုးပြိုင်ပွဲကို ကလေးမြို့ တွင် ကျင်းပ

၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထမနဲ ထိုးပြိုင်ပွဲကို ကလေးမြို့ တွင် ကျင်းပ
Published 12 February 2018

■ ဓာတ်ပုံ - အောင်သူထွန်း (ကလေး)

၇၁ နှစ် မြောက် ပြည်ထောင်စုနေ့ အခမ်းအနား နှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထမနဲထိုး ပြိုင်ပွဲ ကို ကလေးမြို့ ပြည်သူ့ အားကစာကွင်းအတွင်း တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက် ၈ နာရီ က ကျင်းပခဲ့သည်ဟု သိရှိရပါသည် ။ ပြည်ထောင်စုနေ့ အခမ်းအနားသို့ ဒေသဆိုင်ရာ အာဏာပိုင်များ ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ ၊ ပါတီများ ၊ လူမှုအဖွဲ့အစည်းများ နှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြသည်ဟု သိရှိရပါသည် ။ ပြည်ထောင်စု နေ့ အခမ်းအနား ကျင်းပပြီး နောက် ထမနဲထိုးပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်ဟု သိရှိပါသည် ။
 
ထမနဲထိုး ပြိုင်ပွဲသို့ ကလေးမြို့ရှိ တပ်နယ်မှ မိသားစုဝင်များ ၊ မြို့ပေါ်ရပ်ကွက် အသီးသီးမှ ပြည်သူများ ပါဝင်သည့် အသင်း ၉ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်ဟု သိရှိရသည် ။ “ ပြည်ထောင်စုနေ့မှာ မြန်မာရိုးရာ ထမနဲပွဲကို မြန်မာ့ရိုးရာ အထိမ်းအမှတ် တစ်ခုကို ထိမ်းသိမ်း တဲ့ အနေနဲ့ ကျင်းပခဲ့တာပါ ။ ဒီပွဲမှာ မြို့ပေါ် ရပ်ကွက်က ၆ သင်း နဲ့ တင်ရင်းတပ်ဖွဲ့ အသီးသီး က ၃ သင်း စုစုပေါင်း ၉ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ် ။ အားလုံး သိုက်သိုက်ဝန်းဝန်း စုစု စည်းစည်း နဲ့ ကျင်း ရတာ ပျော်စရာပါ ။ လာအားပေးတဲ့သူတွေက လည်း အားရစရာကောင်းပါတယ် ။ ဒီလို ပွဲတွေက နှစ်တိုင်း ကျင်းပနိုင်ရင်တော့ ပိုကောင်းမယ် ထင်ပါတယ် ။ မြန်မာရိုးရာ အစဉ်အလာတွေ ကို လက်ဆင့်ကမ်းတဲ့ အနေနဲ့ ပေါ့ ။ ” ဟု မြန်မာ့ရိုးရာ ထမနဲပွဲထိုး ပြိုင်ပွဲတွင် ဒိုင်ချုပ် အနေနဲ့ ပါဝင်ခဲ့သူ ဦးမင်းနောင်မှ ပြောကြားခဲ့ပါသည် ။
 
မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲကို ယခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ပြုလုပ်ခြင်းဖြစ်သည်ဟု သိရှိရပါသည် ။ မြန်မာရိုးရာ ထမနဲထိုးပြိုင်ပွဲ တွင် ပထမဆု အဖြစ် အောင်သစ္စာ၊ အောင်ဇေယျ ၊ တာဟန်း ရပ်ကွက်တို့ ပါဝင်သည့် အသင်းမှ ရရှိပြီး ၊ ဒုတိယ အဖြစ် အောင်မြေမာန် ၊ အောင်မင်္ဂလာ ၊ လှိုင်သာယာ၊ တောင်ဖီလာ ရပ်ကွက်များ ပါဝင်သည့် အသင်းမှ ရရှိကာ ၊ တတိယဆု ကို တဆရ ( ၁၀ / ၁၀၀ ) အသင်းမှ ရရှိကာ ၊ အခြား အသင်းများကိုလည်း နှစ်သိမ့်ဆု အဖြစ် အသီးသီး ပေးအပ်ခဲ့ကြသည်ဟု သိရှိရပါသည် ။

Most Read

Most Recent