OBOR ကူညီဆောင်ရွက်ပေးမည်ဟု တရုတ်သံရုံး ထုတ်ပြန်

OBOR ကူညီဆောင်ရွက်ပေးမည်ဟု တရုတ်သံရုံး ထုတ်ပြန်
Published 12 February 2018

OBOR (One Belt and One Road) မူဘောင်အတွင်း မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု စားဝတ်နေထိုင်ရေး မြှင့်တင်နိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းထုတ်ပြန်ချက်တွင် ၂၀၁၈ ခုနှစ် တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက်ရက်တို Training သင်တန်းများကို ဆက်လက်စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် မြန်မာအစိုးရ၏ လိုအပ်ချက်အရ Training သင်တန်း စီမံကိန်းရေးဆွဲပေးမည်ဖြစ်ကြောင်းနှင့် လူ့စွမ်းအား မြှင့်တင်နိုင်ရန်အတွက် ဆောင်ရွက်ပေးမည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စာရင်းအရ ၂၀၁၇ ခုနှစ် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  (MOFCOM) အနေနှင့် မြန်မာအစိုးရဝန်ကြီးဌာနများနှင့် ကဏ္ဍအသီးသီးအတွက်ရက်တို Training သင်တန်း စုစုပေါင်း ၁၆၈ ခုကို စီစဉ်ပေးခဲ့ပြီး Seminar သင်တန်း ၁၂၆ ခုနှင့် Training သင်တန်း ၃၁ ခု၊  Bilateral သင်တန်း ၁၁ ခု ပါဝင်ခဲ့ကြောင်း သိရသည်။

သင်တန်းတက်ရောက်သူဦးရေ စုစုပေါင်း ၆၃၇ ဦးအနက် Seminar သင်တန်း တက်ရောက်သူ ၃၀၃ ဦး၊ Training သင်တန်းတက်ရောက်သူ ၉၂ ဦး၊ Bilateral သင်တန်းတက်ရောက်သူ ၂၀၆ ဦး၊ Academic Education အစီအစဉ်ဖြင့် သွားရောက်သူ ၃၆ ဦးရှိကြောင်း သိရသည်။

Most Read

Most Recent