မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်တွင် လူငယ်တစ်ဦး ဆွဲကြိုးချသေဆုံး မိတ္ထီလာ ဖေဖော်ဝါရီ ၁၀

မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်တွင် လူငယ်တစ်ဦး ဆွဲကြိုးချသေဆုံး မိတ္ထီလာ ဖေဖော်ဝါရီ ၁၀
Published 11 February 2018

မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်နေ လူငယ်တစ်ဦး စီးပွားရေးအဆင်မပြေသဖြင့် ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ဖေဖော်ဝါရီ ၉ ရက် ညပိုင်းက မိတ္ထီလာမြို့မရဲစခန်း တာဝန်ရှိသူများသည် မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်တွင် လူတစ်ဦး ဆွဲကြိုးချသေဆုံးကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်၊ နယ်မြေ(၇)အောင်မြေသာစည် ဘုန်းတော်ကြီး ကျောင်းနှင့် ရထားသံလမ်းကြားရှိ တမာပင်တွင် မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်၊ နယ်မြေ (၆) နေဇော်မင်းထွန်းအသက်(၂၅နှစ်) မှာ တမာပင်အမြင့်(၁၆)ပေရှိ တမာကိုင်းတွင် အနက်ရောင်ပုဆိုးဟောင်း တစ်ထည်ကို အသုံးပြုကာ ပြင်ပဒဏ်ရာမရှိဘဲ ဆွဲကြိုးချသေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

သေဆုံးသူ၏ မိသားစုဝင်များအား မေးမြန်းခဲ့ရာ ဇော်မင်းထွန်းမှာ စီးပွားရေး အဆင်မပြေမှုကြောင့် ဇနီးဖြစ်သူနှင့်စကားများရန်ဖြစ်ကာ ထွက်သွားခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ သိရသည်။

အဆိုပါအမှုအား မိတ္ထီလာမြို့ မြို့မရဲ စခန်းက သေမှုသေခင်းအမှတ်စဉ် ၄/ ၂၀၁၈ ဖွင့်လှစ်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Most Read

Most Recent