စဉ့်ကူးမြို့နယ် အုပ်ချုပ်ရေးမှူးအား အမျိုးသမီးတစ်ဦးက တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်

စဉ့်ကူးမြို့နယ် အုပ်ချုပ်ရေးမှူးအား အမျိုးသမီးတစ်ဦးက တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်
Published 11 February 2018

စဉ့်ကူးမြို့နယ် အုပ်ချုပ်ရေးမှူးအား အမျိုးသမီးတစ်ဦးက တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၇ ဖြင့် မန္တလေးမြို့အမှတ် (၁) ရဲစခန်းတွင် ဖေဖော်ဝါရီ ၉ ရက်ညက အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၇ ဖြင့် တရားလိုပြုလုပ် အမှုဖွင့်ခဲ့သည့် အမျိုးသမီး မ... သည် ဒိုင်း မွန်းကေတီဗွီဆိုင်တွင် လုပ်ကိုင်သူဖြစ်ကာ သူငယ်ချင်းတစ်ဦး၏ ချိတ်ဆက်ပေးမှုကြောင့် ကိုကိုမောင်ဆိုသူအမျိုးသားနှင့် ရင်းနှီးခဲ့ကြောင်း၊ အပြင်တွင် လူချင်း အေးဆေးတွေ့ချင်တယ်ဟုဆိုကာ ကားဖြင့် လျှောက်ပတ်မောင်းခဲ့ပြီး တည်းခိုခန်းတစ်ခုသို့ခေါ်ဆောင်ကာ သားမယားအဖြစ် ပေါင်းသင်းခဲ့ကြောင်း၊ ထိုသို့ အကြိမ်ကြိမ်ပေါင်သင်းနေထိုင်ခဲ့ပြီး တရားလို မ... တွင် ကိုယ်ဝန်ရှိလာသောကြောင့် ကိုကိုမောင်အားစုံစမ်းခဲ့ရာ ကိုကိုမောင်မဟုတ်ဘဲ ဦး... ဖြစ်ပြီး စဉ့်ကူးမြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်ကာ တရားဝင်ဇနီးနှင့် သားသမီးနှစ်ဦးရှိသည်ကို သိရကြောင်း၊ ထို့နောက်တွင်လည်း တရားမဝင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ကာ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်တွင် အိမ်ငှားပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ကိုယ်ဝန်မှာလည်း ခြောက်လခန့်ရှိပြီဖြစ်၍ တရားဝင် လက်ထပ်ပေါင်းသင်းရန် (သို့မဟုတ်) ကလေးကိစ္စ တာဝန်ယူရန်တို့ကို ဖုန်းဆက်ခဲ့ရာ တာဝန်ယူမည်ဟု ပြောကြားခဲ့ပြီး ယခုအခါ အဆက်သွယ်မရတော့ဘဲ ကလေးဖျက်ချရန်သာ ဆောင်ရွက်ခဲ့ကြောင်း စသည်တို့ကို မ... က မန္တလေးမီဒီယာစင်တာတွင် ရှင်းလင်းပြောကြားခဲ့သည်။

ထို့ကြောင့် တရားဝင်ဇနီးရှိလျက်နှင့် တရားမဝင်ပေါင်းသင်းနေထိုင်ခဲ့သူ ဦး...အား အရေးယူပေးရန် အမှတ် (၁) နယ်မြေရဲ စခန်းတွင် တစ်လစ်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent