မောင်တောမြို့တွင် ကျပ်သိန်းပေါင်းကိုးထောင်ကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြား ၄၈၀၀၀၀ ကျော် သုံးဘီးဆိုင်ကယ်တစ်စီးပေါ်မှ ဖမ်းဆီးရမိ

မောင်တောမြို့တွင် ကျပ်သိန်းပေါင်းကိုးထောင်ကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြား ၄၈၀၀၀၀ ကျော် သုံးဘီးဆိုင်ကယ်တစ်စီးပေါ်မှ ဖမ်းဆီးရမိ
Published 10 February 2018

ဖမ်းဆီးရမိသော စိတ်ကြွ ဆေးပြားများနှင့် သယ်ဆောင်လာသူအား တွေ့ရစဉ်

မောင်တောမြို့တွင် ကျပ်သိန်းပေါင်း ကိုးထောင်ကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြား ၄၈၀၀၀၀ ကျော်ကို သုံးဘီးဆိုင်ကယ်တစ်စီးပေါ်မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲ ခန့်တွင် မူးယစ်ဆေးဝါးသတင်းအရ ပူးပေါင်းလုံခြုံရေးအဖွဲ့သည် မောင်တောမြို့ မြို့မကညင်တန်းရပ်ကွက်ရှိ မောင်တော-အလယ်သံကျော်သွား ကားလမ်းအနီး စောင့်ဆိုင်းနေစဉ် မွန်းလွဲ ၁ နာရီခန့်တွင် ဆိုင်ကယ် အမှတ် (ယာယီ- ၀၀၆) အဝါရောင်သုံးဘီး ဆိုင်ကယ်တစ်စီးကို မသင်္ကာသဖြင့် ရပ်တန့် စစ်ဆေးရာ ရွှေနဂါးခြင်ဆေးခွေ ဂျပ်ဖာနှစ်ဖာ၊ ကုလားအုတ်တံဆိပ်ပါ ခေါက်ဆွဲဖာတစ် ဖာနှင့်ယမ်ယမ်ခေါက်ဆွဲခြောက် ခြောက်ဖာအတွင်း မူးယစ်ဆေးဝါးများထည့်ထားသည်ဟု ယူဆရသည့် အထုပ်များတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါမူးယစ်ဆေးဝါးများ ထည့်ထားသည်ဟုယူဆရသော ဂျပ်ဖာများကို ဆိုင်ကယ်မောင်းနှင်လာသူ မောင်တောမြို့ မြို့မက ညင်တန်းရပ်ကွက်မောင်နီရွာနေ မာမက်အီ လီယာ့စ် (ဘ) ဦးခေါ်ဘီအာမက် (၂၄ နှစ်) နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါဂျပ်ဖာများကို ဖွင့်ဖောက်စစ်ဆေးရာ ဂျပ်ဖာများအတွင်းမှ  WY စာတန်းပါ (ရောရာ)ပန်းရောင် စိတ်ကြွ ဆေးပြား ၄၈၇၅၀၀ (ကာလတန်ဖိုးကျပ်  ၉၇၅၀၀၀၀၀၀) သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Most Read

Most Recent