သဘာဝနယ်မြေများ သတ်မှတ်ရေး၊ တိရစ္ဆာန်ဥယျာဉ်၊ ရုက္ခဗေဒဥယျာဉ်တည်ထောင်ရေးအတွက် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ အကြံပြုချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ခြင်းအချက် အပါအဝင် တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု

သဘာဝနယ်မြေများ သတ်မှတ်ရေး၊ တိရစ္ဆာန်ဥယျာဉ်၊ ရုက္ခဗေဒဥယျာဉ်တည်ထောင်ရေးအတွက် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ အကြံပြုချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ခြင်းအချက် အပါအဝင် တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု
Published 10 February 2018

သဘာဝနယ်မြေများသတ်မှတ်ရေး၊ တိရစ္ဆာန်ဥယျာဉ်၊ ရုက္ခဗေဒဥယျာဉ်တည်ထောင်ရေးအတွက် ဒေသခံတိုင်းရင်းသားပြည်သူများ၏အကြံပြုချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ခြင်း အချက်အပါအဝင် တောရိုင်းတိရ စ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ ကြမ်းအား အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များဖြင့် ပြန်လည်ပေးပို့လာသည့် ယင်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်များအတိုင်း အတည်ပြုခဲ့သည်။

ဥပဒေကြမ်း၏ ပုဒ်မ ၈ (င) ပုဒ်မခွဲ (က)အရ သတ်မှတ်တည်ထောင်မည့်နယ်မြေ ဒေသရှိ အများပြည်သူတို့၏ အခွင့်အရေး ထိခိုက်နစ်နာမှုများကို သတ်မှတ်သည့်နည်း လမ်းများနှင့်အညီ စုံစမ်းစစ်ဆေးရန်နှင့်နယ် မြေ သတ်မှတ်တည်ထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဒေသခံတိုင်းရင်းသား ပြည်သူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအပါအဝင်ဖြစ်သည့် ပဏာ မစိစစ်ရေးအဖွဲ့ကိုဖွဲ့စည်း၍ တာဝန်ပေးအပ် ရမည်ဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ဥပဒေကြမ်း၏ ပုဒ်မ ၁၆ တွင် ညွှန်ကြားရေးမှူးချုပ်သည် ဝန်ကြီးဌာန၏သဘောတူညီချက်ဖြင့် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ကိုဖြစ်စေ၊ နိုင်ငံတကာကုန်သွယ်မှု တွင် ကာကွယ်ထိန်းချုပ်သည့် တိရစ္ဆာန်ကို ဖြစ်စေ၊ သိပ္ပံဆိုင်ရာ သုတေသနပြုလုပ်နိုင်ရေးအတွက် သုတေသနပြုလုပ်ခွင့်ရသော ပြည်တွင်း သို့မဟုတ် ပြည်ပမှ အစိုးရဌာန၊ အဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အ စည်းတစ်ရပ်ရပ် သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦး အား စည်းကမ်းသတ်မှတ်ချက်များ သတ်မှတ်၍ ဖမ်းဆီးခွင့်၊ သယ်ဆောင်ခွင့် သို့မ ဟုတ် လက်ဝယ်ထားခွင့်ပြုနိုင်သည်ဟု အတည်ပြုခဲ့သည်။

ဥပဒေကြမ်း၏ အခန်း ၇ ပုဒ်မ ၂၆ (က)ပုဒ်မ ၉ အရ တည်ထောင်ထားသည့် တိရစ္ဆာန် ဥယျာဉ် သို့မဟုတ် ရုက္ခဗေဒဥယျာဉ်ကို နိုင်ငံ တော်၏အကျိုးစီးပွားအလို့ငှာ အစိုးရအဖွဲ့နှင့် အခြားမည်သည့်ပုဂ္ဂိုလ် သို့မဟုတ် မည်သည့် စီးပွားရေးအဖွဲ့အစည်းကမဆို ဖက်စပ်လုပ် ကိုင်ရန်ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းတစ်ခုခုက လုပ်ကိုင် ရန်ဖြစ်စေ၊ သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီလျှောက်ထားခြင်းကို စည်းကမ်း ချက်များသတ်မှတ်၍ ခွင့်ပြုနိုင်သည်၊ အခန်း ၉ ပုဒ်မ ၃၄ တွင် အုပ်ချုပ်ရေးမှူးသည် သဘာ၀ ထိန်းသိမ်းရေးနယ်မြေအတွင်းဖြစ်စေ၊ အစိုးရ အဖွဲ့က စီမံအုပ်ချုပ်သည့် သို့မဟုတ် အစိုးရ အဖွဲ့က အစုရှယ်ယာ မ,တည်ငွေရင်းပါဝင်သည့် တိရစ္ဆာန်ဥယျာဉ် သို့မဟုတ် ရုက္ခဗေဒ ဥယျာဉ်အတွင်းဖြစ်စေ အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်သူအား အနည်းဆုံး ကျပ်တစ်သောင်းမှ အများဆုံး ကျပ်သုံး သောင်းအထိ ဒဏ်ကြေးငွေကို ပေးဆောင်စေ ရန် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ချမှတ်နိုင်သည် ဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ သည်။

ပုဒ်မ ၃၉ တွင် မည်သူမဆို အောက်ပါပြု လုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး သုံးနှစ်မှ အများဆုံး ၁၀ နှစ်အထိ ထောင် ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ် နိုင်သည်။ (က)လိုင်စင်မရှိဘဲ အမဲလိုက်ခြင်း၊ အမဲလိုက်ခွင့်လိုင်စင် စည်းကမ်းချက်တစ်ရပ် ရပ်ကို ချိုးဖောက်ခြင်း၊ မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် ကာကွယ်ထိန်းချုပ်သည့် တောရိုင်းတိရစ္ဆာန်ကို ခွင့်ပြုချက်မရှိဘဲ စီးပွား ရေးအလို့ငှာ မွေးမြူခြင်း၊ သဘာဝထိန်းသိမ်း ရေးနယ်မြေအတွင်း မြေဆီလွှာထု၊ ရေထု၊ လေထုကို တမင်ညစ်ညမ်းစေခြင်း၊ ရေစီးရေလာပျက်စီးစေခြင်း သို့မဟုတ် ရေတွင်အဆိပ် ခတ်ခြင်း၊ လျှပ်စစ်ဓာတ်အားကို ဖြတ်စီးစေ ခြင်းနှင့် ဓာတုဗေဒပစ္စည်း သို့မဟုတ် ပေါက် ကွဲစေတတ်သော အရာများ အသုံးပြုခြင်း၊ (ဇ) နိုင်ငံတကာကုန်သွယ်မှုတွင် ကာကွယ်ထိန်းချုပ်သည့် တိရစ္ဆာန်နှင့်အပင်များ၊ ယင်း တို့၏ မျိုးစိတ်နမူနာများ၌ ပြုလုပ်ထားသော အမှတ်အသားကို ပြောင်းလဲခြင်း၊ ဖျက်ဆီး ခြင်း သို့မဟုတ် ပျက်စီးစေခြင်းဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ဥပဒေကြမ်း၏ အခန်း ၁၂ ကင်းလွတ် ခွင့်များအဖြစ် မျိုးဆက်ပျက်သုဉ်းမည့် အန္တ ရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ၏ အစိတ်အပိုင်းတို့ကို တရားဝင်ခွင့်ပြုချက်ရယူပြီး ဖော်စပ်ထားသော ဆေးဝါးနှင့်လူသုံးပစ္စည်းများ ကို လက်ဝယ်ထားခြင်း၊ အသုံးပြုခြင်း၊ ရောင်း ချခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် လွှဲပြောင်း ခြင်းနှင့်မသက်ဆိုင်စေရဟု အမျိုးသားလွှတ် တော်က အတည်ပြုခဲ့သည်။

Most Read

Most Recent