ဦးကိုနီလုပ်ကြံခံရမှုမှ တရားစွဲခံထားရသည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး နှင့် အောင်ဝင်းထွန်းတို့ကို ပုဒ်မအသီးသီးဖြင့် စွဲချက်တင်

ဦးကိုနီလုပ်ကြံခံရမှုမှ တရားစွဲခံထားရသည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး နှင့် အောင်ဝင်းထွန်းတို့ကို ပုဒ်မအသီးသီးဖြင့် စွဲချက်တင်
Published 9 February 2018

ဦးကိုနီလုပ်ကြံခံရမှုမှ တရားစွဲခံထားရသည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို ပုဒ်မအသီးသီးဖြင့် ဖေဖော်ဝါရီ ၉ ရက်တွင် အမှုစစ်တရားရုံးက စွဲချက်တင်ခဲ့သည်။

ရာဇသတ်ကြီးအမှုအ မှတ်၄၅/၂၀၁၇(လူသတ်မှုအမှုတွဲ) မှကြည်လင်းအား ဦးကိုနီကို သတ်မှုဖြင့်ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂ (၁) (ခ)/၃၄ ဖြင့်လည်းကောင်း၊ဦးနေဝင်းကို သတ်မှုဖြင့် ၃၀၂ (၂)အရလည်းကောင်း၊အောင်ဝင်းဇော်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၀၂ (၁) (ခ)/၃၄ ဖြင့်လည်းကောင်း၊ဇေယျာဖြိုးကို ရာဇသတ်ကြီးဥပ ဒေပုဒ်မ၃၀၂ (၁) (ခ)/၃၄ ဖြင့်လည်းကောင်း၊ အောင်ဝင်းထွန်း ကိုရာဇသတ်ကြီး ဥပဒေပုဒ်မ၂၁၂ ဖြင့်လည်းကောင်း အသီးသီးစွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရာဇသတ်ကြီး အမှုအမှတ်၄၆/၂၀၁၇(လက်နက်မှု အမှုတွဲ)မှကြည်လင်းကို လက်နက်ဥပဒေပုဒ်မ၁၉(ဃ)၊ ၁၉(စ) တို့ဖြင့်လည်းကောင်း အောင်ဝင်းဇော် ကို လက်နက်ဥပဒေပုဒ်မ၁၉(ဃ)၊ ၁၉(စ) တို့ဖြင့်လည်းကောင်းစွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

စွပ်စွဲခံရသူများကမူ အပြစ်မရှိကြောင်းငြင်းဆိုခဲ့ကြသည်။

Most Read

Most Recent