<

ကမ္ဘာ့ရွှေဈေး ၁၃၂၉ ဒေါ်လာဝန်းကျင်သို့ပြန်ရောက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၀၀၀၀ အောက်ကျဆင်း

ကမ္ဘာ့ရွှေဈေးသည် ဖေဖော်ဝါရီ ၇ ရက်တွင် ၁၃၂၉ ဒေါ်လာဝန်းကျင်သို့ ပြန်ကျခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၀၀၀၀ အောက်အထိကျဆင်းခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ ကျဆင်းခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ၉၄၀၀၀၀ အထက်သို့ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ၉၃၀၆၀၀၊ အောက်တိုဘာ ၃၀ နှင့် နိုဝင်ဘာ ၁ ရက်တွင် ၉၂၉၂၀၀ အထိကျဆင်းခဲ့သည်။ နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀၀၀၀ အောက်တွင်သာဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ၉၃၆၂၀၀ အထိရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၆ ရက်တွင် ၉၂၆၁၀၀၊ ဒီဇင်ဘာ ၁၉ ရက်တွင် ၉၁၇၇၀၀၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်န၀ါရီ ၉ ရက်တွင် ၉၃၈၀၀၀၊ ဇန်န၀ါရီ ၂၅ ရက်တွင် ကျပ် ၉၅၅၇၀၀၊ ဖေဖော်ဝါရီ ၇ ရက်တွင် ကျပ် ၉၃၉၉၀၀ ၀န်းကျင်ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကိုပြန်ကြည့်ပါက နိုဝင်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၂၆၉၀၀ (နိုဝင်ဘာ ၆ ရက်)၊ အမြင့်ဆုံးနှုန်းကျပ် ၉၃၆၂၀၀ (နိုဝင်ဘာ ၂၉ ရက်)၊ ဒီဇင်ဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၁၃၂၀၀ (ဒီဇင်ဘာ ၁၃ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၃၇၃၀၀ (ဒီဇင်ဘာ ၃၁ ရက်)၊ ဇန်န၀ါရီလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်းကျပ် ၉၃၃၆၀၀ (ဇန်န၀ါရီ ၄ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၅၅၇၀၀ (ဇန်န၀ါရီ ၂၅ ရက်) တို့ဖြစ်သည်။

ဒီဇင်ဘာလဆန်းတွင် ကမ္ဘာ့ရွှေဈေးသည် အကျပိုင်းသို့ရောက်ခဲ့ပြီး ဒီဇင်ဘာ ၈ ရက်တွင် ၁၂၄၅ ဒေါ်လာအထိ၊ ဒီဇင်ဘာ ၁၃ ရက်တွင် ဒေါ်လာ ၁၂၃၈ အထိကျဆင်းခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၁၅ ရက်တွင် ၁၂၅၄ ဒေါ်လာ၊ ဒီဇင်ဘာ ၂၉ ရက်တွင် ၁၃၀၆ ဒေါ်လာ၊ ဇန်န၀ါရီ ၂ ရက်တွင် ဒေါ်လာ ၁၃၁၀၊ ဇန်န၀ါရီ ၃ ရက်တွင် ၁၃၁၆ ဒေါ်လာ၊ ဇန်န၀ါရီ ၅ ရက်တွင် ၁၃၂၅ ဒေါ်လာ၊ ဇန်န၀ါရီ ၁၅ ရက်တွင် ၁၃၄၄ ဒေါ်လာ၊ ဇန်န၀ါရီ ၂၅ ရက်တွင် ၁၃၆၄ ဒေါ်လာဝန်းကျင်အထိမြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်တွင် ၁၃၂၉ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

February 7, 2018














Copy Protected by Chetan's WP-Copyprotect.