ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၃၄၄ ဝန်းကျင်သို့ ပြန်တက်ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၆၅၀၀ အထိ မြင့်တက်

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၃၄၄ ဝန်းကျင်သို့ ပြန်တက်ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၆၅၀၀ အထိ မြင့်တက်
Published 7 February 2018

ကမ္ဘာ့ရွှေဈေးသည် ဖေဖော်ဝါရီ ၆ ရက်တွင် ဒေါ်လာ ၁၃၄၄ ဝန်းကျင်သို့ ပြန်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၆၅၀၀ အထိ မြင့်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်မှစ၍ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ ကျဆင်းခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ၉၄၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ၉၃၀၆၀၀၊ အောက်တိုဘာ ၃၀ နှင့် နိုဝင်ဘာ ၁ ရက်တွင် ၉၂၉၂၀၀ အထိကျဆင်းခဲ့သည်။ နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀၀၀၀ အောက်တွင်သာဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ၉၃၆၂၀၀ အထိရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၁၉ ရက်တွင် ၉၁၇၇၀၀၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀၊ ဇန်နဝါရီ ၂၅ ရက်တွင် ကျပ် ၉၅၅၇၀၀၊ ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၉၄၆၅၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက နိုဝင်ဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၂၆၉၀၀ (နိုဝင်ဘာ ၆ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၃၆၂၀၀ (နိုဝင်ဘာ ၂၉ ရက်)၊ ဒီဇင်ဘာလအတွင်း အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၁၃၂၀၀ (ဒီဇင်ဘာ ၁၃ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၃၇၃၀၀ (ဒီဇင်ဘာ ၃၁ ရက်)၊ ဇန်နဝါရီလအတွင်း အနိမ့်ဆုံးနှုန်း ကျပ် ၉၃၃၆၀၀ (ဇန်နဝါရီ ၄ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၅၅၇၀၀ (ဇန်နဝါရီ ၂၅ ရက်) တို့ဖြစ်သည်။

Most Read

Most Recent