မဂ္ဂါဝပ် ၁၇၀ ရှိ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းစတင်တည်ဆောက်နေပြီး တစ်နှစ်လျှင် လျှပ်စစ်စွမ်းအင် ကီလိုဝပ်နာရီသန်းပေါင်း ၃၅၀ ထုတ်လုပ်ပေးနိုင်မည်

မဂ္ဂါဝပ် ၁၇၀ ရှိ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းစတင်တည်ဆောက်နေပြီး တစ်နှစ်လျှင် လျှပ်စစ်စွမ်းအင် ကီလိုဝပ်နာရီသန်းပေါင်း ၃၅၀ ထုတ်လုပ်ပေးနိုင်မည်
Published 6 February 2018

မကွေးတိုင်းဒေသကြီးအတွင်း မဂ္ဂါဝပ် ၁၇၀ ရှိ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို စတင် တည်ဆောက်နေပြီဖြစ်ကြောင်းနှင့် စီမံကိန်းပြီးစီးပါက  တစ်နှစ်လျှင် လျှပ်စစ်စွမ်းအင်ကီလိုဝပ် နာရီသန်းပေါင်း ၃၅၀ ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကာ အိမ်ထောင်စုပေါင်း ၂၁၀၀၀၀ ကို ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မင်းဘူးနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းကို GEO (Myanmar Co.Ltd) က  Bot စနစ်ဖြင့် အကောင်အထည်ဖော်တည်ဆောက်လျက်ရှိပြီး စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၇၀  ဖြင့် စီမံကိန်းကို အဆင့်လေးဆင့်တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ပထမအဆင့်မှ တတိယအဆင့် အထိ မဂ္ဂါဝပ် ၄၀ စီအသီးသီးတည်ဆောက် မည်ဖြစ်ပြီး စီမံကိန်းမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အား ဝယ်ယူရန်အတွက်ဝန်ကြီးဌာန နှင့် GEO (Myanmar Co.Ltd) တို့ ဓာတ်အား ဝယ်ယူရေးသဘောတူ စာချုပ်ချုပ်ဆိုထားကြောင်း၊ ယခုတည်ဆောက်မည့် နေaရာင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံး စတင် အကောင်အထည်ဖော်တည်ဆောက်သည့်စီမံကိန်းတစ်ခုဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ကျေးရွာများ၊ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် မုန်းချောင်း၊ ကြီးအုံကြီးဝ၊ မြစ်သာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ကျွန်းချောင်း၊ မန်းသဘာဝဓာတ် ငွေ့သုံးဓာတ်အားပေးစက်ရုံတို့ကို တည်ဆောက်ခဲ့ကြောင်း သိရသည်။ မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းပြီးစီးပါက  တစ်နှစ်လျှင် လျှပ်စစ်စွမ်းအင် ကီလိုဝပ်နာရီသန်းပေါင်း ၃၅၀ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကာ အိမ်ထောင်စုပေါင်း၂၁၀၀၀၀ ကို ဓာတ်အားဖြန့် ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ အိမ်ထောင်စုများမှသုံးစွဲပြီး ပိုလျှံသော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်ဆင့် အခြားဒေသများရှိ ဓာတ်အားမရရှိသေးသည့် ဒေသများသို့ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းကဲ့သို့  BOT စနစ်ဖြင့် ဆောင်ရွက်သည့်စီမံကိန်းများကိုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အကောင် အထည်ဖော်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် ဓာတ်အား တိုးတက်သုံးစွဲမှုနှုန်းမှာ ၁၅ ရာခိုင်နှုန်းတိုး တက်နေပြီး ယင်းကဲ့သို့ တိုးတက်လာသည့် အတွက်၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၄၅၃၁ မဂ္ဂါ ဝပ်အထိ သုံးစွဲမည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိတွင် ၃၁၈၉ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ပြီး ၁၃၄၂ မဂ္ဂါဝပ် ထပ်မံလိုအပ်မည်ဖြစ်ကြောင်း သိရသည်။

“ဒီအတွက် ၂၀၁၈ ခုနှစ်မှာ စက်ရုံသုံးရုံက ၄၃၉ မဂ္ဂါဝပ်၊၂၀၁၉ ခုနှစ်မှာ စက်ရုံလေးရုံက မဂ္ဂါဝပ် ၇၅၀၊ ၂၀၂၀ ပြည့်နှစ်မှာ စက်ရုံသုံးရုံက မဂ္ဂါဝပ် ၂၆၀၊ ၂၀၂၁ ခုနှစ်မှာ စက်ရုံငါးရုံက ၉၇၁ မဂ္ဂါဝပ် နဲ့ ၂၀၂၂ ခုနှစ်မှာ စက်ရုံငါးရုံက ၈၉၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး စီစဉ် ထားပါတယ်။ ဒီစက်ရုံတွေ ဓာတ်အားထုတ်လုပ်မှုမှာ ရေအားစက်ရုံတွေက (၁၅ ရာခိုင် နှုန်း)၊ HFO စက်ရုံတွေက (၁၈ ရာခိုင်နှုန်း)၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံတွေက(၃၀ ရာ ခိုင်နှုန်း)၊ LNG စက်ရုံတွေက (၃၂ ရာခိုင် နှုန်း)၊ Solar စက်ရုံတွေက ငါးရာခိုင်နှုန်းဖြစ်ပါ တယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားသည်။

 

 

Most Read

Most Recent