အာရှနိုင်ငံများတွင် အကောင်းဆုံး ဂေါက်ကွင်းတစ်ကွင်းအဖြစ် ဖော်ဆောင်ထားသည့် မန္တလေး မြို့သာစက်မှု ဥယျာဉ်စီမံကိန်းအတွင်းရှိ Championship Golf Course တွင် လာမည့်ဧပြီလအတွင်း နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပဖွင့်လှစ်ရန်စီစဉ်နေ

အာရှနိုင်ငံများတွင် အကောင်းဆုံး ဂေါက်ကွင်းတစ်ကွင်းအဖြစ် ဖော်ဆောင်ထားသည့် မန္တလေး မြို့သာစက်မှု ဥယျာဉ်စီမံကိန်းအတွင်းရှိ Championship Golf Course တွင် လာမည့်ဧပြီလအတွင်း နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပဖွင့်လှစ်ရန်စီစဉ်နေ
Published 4 February 2018

အာရှနိုင်ငံများတွင် အကောင်းဆုံး ဂေါက်ကွင်းတစ်ကွင်းအဖြစ် ဖော်ဆောင်ထားသည့် မန္တလေးမြို့ သာစက်မှုဥယျာဉ် စီမံကိန်းအတွင်းရှိ Championship Golf Course

အာရှနိုင်ငံများတွင် အကောင်းဆုံး ဂေါက်ကွင်းတစ်ကွင်းအဖြစ် ဖော်ဆောင်ထားသည့် မန္တလေး မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်းရှိ ၁၈ ကျင်းပါ Championship Golf Course တွင် လာမည့်ဧပြီလအတွင်း နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်း မြေဧက တစ်သောင်းကျော်တွင် ဘီလျံ ၁၅၀ ကျော်ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်နေသည့် မန္တလေး၊ မြို့သာစက်မှု ဥယျာဉ်နှင့် ဆီမီးခုံ ဧရာဝတီဆိပ်ကမ်းစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းတွင်ပါဝင်သော အဆိုပါ ဂေါက်ကွင်းစီမံကိန်းကို အမေရိကန်နိုင်ငံမှ ပညာရှင်များ ဒီဇိုင်းရေးဆွဲကာ အမေရိကန်နှင့် ထိုင်းနှစ်နိုင်ငံပညာရှင်အဖွဲ့များမှ  မြေဧရိယာ ၃၈၀ ဧကပေါ်တွင် အကောင်အထည်ဖော်ထားခြင်းဖြစ်ပြီး လာမည့်ဧပြီလတွင် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲနှင့် ပညာရှင်အဖွဲ့များကို ဖိတ်ခေါ်ကာ ဂေါက်ကွင်းအဆင့် သတ်မှတ်နိုင်ရန် ရည်ရွယ်စီစဉ်လျက်ရှိသည်ဟု မြို့သာစက်မှုဥယျာဉ် စီမံကိန်းမန်နေဂျင်း ဒါရိုက်တာ ဒေါက်တာထွန်းထွန်းအောင်က ပြောကြားသည်။

“အခုတည်ဆောက်မှုအပိုင်းမှာ ၁၈ ကျင်းလုံးရဲ့ အနေအထားအားလုံး ပြီးစီးသွားပါပြီ။ ဟိုတယ်ခရီးသွား၊ အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ကျွန်တော်တို့  MMID ကုမ္ပဏီတို့ ပူးပေါင်းပြီး ဧပြီလ လောက်မှာ solf opening အနေနဲ့ ပြိုင်ပွဲလေးတစ်ခုပြုလုပ်ဖို့ စီစဉ်နေပါတယ်။ အသေးစိပ် ဘယ်လိုပြိုင်ပွဲ၊ ဘယ်လိုအဆင့်မျိုးဖြစ်မလဲ ဆိုတာကိုတော့ ညှိနှိုင်းဆဲ ဖြစ်ပါတယ်။ solf opening မှာ ဒီကွင်းကို ကမ္ဘာပေါ်မှာ နံပါတ်ဘယ်အဆင့်လောက် သတ်မှတ်လို့ရမလဲဆိုတာကို သတ်မှတ်လုပ်ဆောင်ပေးတဲ့ အဖွဲ့တွေရှိတယ်။ သူတို့ကို ဖိတ်ခေါ်မယ်၊ လာပြီးတော့ ကစားခိုင်းမယ်၊ အဲလိုစီစဉ်နေပါတယ်” ဟု ဒေါက်တာထွန်းထွန်းအောင်က ဆိုသည်။

“ဒီကွင်းမှာ ဇီရွန်ဆိုတဲ့ မြက်အမျိုးအစားနဲ့ ကွင်းဖော်တာဆိုတော့ မြန်မာမှာ ပထမဆုံးဖြစ်သလို အဲဒီမြက်အမျိုးအစားကို အသုံးပြုထားတာ အာရှ နိုင်ငံတွေမှာတောင် သိပ်မရှိပါဘူး။ ပြီးတော့ ဒီကွင်းတည်ဆောက်ထားတာကလည်း နိုင်ငံတကာအပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲတွေလုပ်နိုင်မယ့် အဆင့်ကို ရည်ရွယ်ချက်ထားပြီး ဒီဇိုင်းဆွဲတဲ့အဆင့်ကနေ အခုပြိုင်ပွဲကျင်းပတဲ့အဆင့်ထိ အဆင့်ဆင့်ကြိုးစားပြီး တည်ဆောက်ခဲ့တာပါ။ ဥပမာဒီမှာ  Walther Focus လုပ်တဲ့ Station တွေပါတယ်။ ရေဖြန်းတဲ့စနစ်တွေဆိုရင်လည်း ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ ရာသီဥတုအပေါ်မူတည်ပြီး ကွန်ပျူတာစနစ်နဲ့ ကွန်ထရိုးလုပ်ပြီး အော်တိုမက်တစ် ရေဖျန်းတဲ့စနစ်တွေ ပါဝင်ပါတယ်။ သုံးထားတဲ့ မြက်အမျိုးအစားဆိုလည်း ဒီဒေသ ဒီရာသီနဲ့ကိုက်ညီတဲ့ မြက်အမျိုးအစားပေါ့။ ဆိုလိုတာက ဇီရွန်မြက် အမျိုးအစားကို အာရှမှာတောင် ဒီလို ၁၈ ကျင်းပြည့်အောင် စိုက်နိုင်တဲ့ကွင်း မရှိသေးပါဘူး။ ဒါပထမဆုံးကွင်းပါပဲ။ အဆင့်အနေနဲ့ ပြောမယ်ဆိုရင် အာရှမှာအကောင်းဆုံးကွင်း ထဲမှာပါဝင်ဖို့ ကြိုးစားနေတယ်။ ဆိုတော့ ပြိုင်ပွဲလုပ်ဖို့ အစီအစဉ်ရှိပေမယ့် လက်ရှိ ကျွန်တော်တို့မှာ ဒေတာမရှိသေးတာက တစ်နှစ်တစ်နှစ်ကို မြန်မာနိုင်ငံကိုလာပြီး Golf ကစားတဲ့ Tour ဘယ်လောက်ရှိတယ်၊ အဲဒီအထဲက ဘယ်လောက်ရာခိုင်နှုန်းကို ဒီကွင်းကိုရောက်အောင် ခေါ်မလဲဆိုတာအခုမှ လုပ်တုန်းရှိပါသေးတယ်” ဟု ဒေါက်တာထွန်းထွန်းအောင်က ပြောကြားသည်။

အဆိုပါ Championship Golf Course ကွင်း တည်ဆောက်မှုအနေဖြင့် မြေတန်ဖိုးမပါ ကုန်ကျစရိတ် အကြမ်းဖျင်း အမေရိကန်ဒေါ်လာ ၁၇ သန်းကျော်ရှိပြီး ဂေါက်ကွင်းအား ရေရှည်ကြီးကြပ်ထိန်းသိမ်းရန် သြစသြေးလျမှ ပညာရှင်အဖွဲ့ကို ခေါ်ယူထားကြောင်း၊ မြို့သာစက်မှုဥယျာဉ်နှင့် ဆီမီးခုံဧရာဝတီ ဆိပ်ကမ်းစီမံကိန်းမှာ ၂၀၁၂ ခုနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အများပိုင် ကုမ္ပဏီအဖြစ် အစုရှယ်ယာများ ရောင်းချပေးခဲ့ကာ အစုရှယ်ယာ ၁၃ သန်း ကျော် ရောင်းချထားပြီးဖြစ်ပြီး လက်ရှိအချိန်တွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံလည် ပတ်နေသည့် စက်ရုံခုနစ်ရုံရှိကြောင်း သိရသည်။

Most Read

Most Recent