အီတလီအသင်းအား ကွန်တီပြန်လည်ကိုင်တွယ်ဖွယ်ရှိဟု ကော်မရှင်နာဖက်ဘရီချီနီ သုံးသပ်

အီတလီအသင်းအား ကွန်တီပြန်လည်ကိုင်တွယ်ဖွယ်ရှိဟု ကော်မရှင်နာဖက်ဘရီချီနီ သုံးသပ်
Published 3 February 2018

အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) ၏ ကော်မရှင် နာ (အထူးတာဝန်ပေးအပ်ခံရသူ) အဖြစ် ဖေဖော်ဝါရီ ၁ ရက်တွင် ခန့်အပ်ခံရသည့် ရောဘတ်တိုဖက်ဘရီချီနီက ချယ်လ်ဆီးအသင်းနည်းပြ အန်တိုနီယိုကွန်တီအနေဖြင့် လက်ရွေးစင်အသင်းအား ပြန်လည်ကိုင်တွယ်ဖွယ်ရှိကြောင်း သုံးသပ်ပြောကြားသည်။

ကွန်တီသည် အီတလီအသင်းအား ၂၀၁၄ ခုနှစ်မှ ယူရို-၂၀၁၆ ပြိုင်ပွဲအပြီးအထိ တာဝန်ယူကိုင်တွယ်ခဲ့ဖူးပြီး ၎င်းင်းနေရာတွင် အစားထိုးခန့်အပ်ခံရသည့် ဗန်ကျူရာသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဥရောပဇုန်ခြေစစ်ပွဲ Play-Off တွင် ရှုံးနိမ့်ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ ကွန်တီသည် ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအသင်းအား ပရီးမီးယားလိဂ်ချန်ပီယံဆုရယူပေးခဲ့သော်လည်း ဘုတ်အဖွဲ့နှင့်အဆင်မပြေဖြစ်နေပြီး ဘုန်းမောက်အသင်းအား အိမ်ကွင်း၌ သုံးဂိုးပြတ်ရှုံးနိမ့်ပြီးနောက် အနာဂတ်မှာ ပိုမိုလှုပ်ခတ်လာသည်။ ၎င်းင်း၏အနာဂတ်မတည်မငြိမ်ဖြစ်နေစဉ် ဖက်ဘရီချီနီက "မန်ချီနီ(ဇင်းနစ်နည်းပြ)က ရောမ မှာရှိနေပေမယ့် ကျွန်တော်တို့မဆက်သွယ်ပါဘူး။ ကွန်တီ ကတော့ Azzurro (လက်ရွေးစင်အသင်းအင်္ကျီ) နောက်  တစ်ကြိမ် ဝတ်နိုင်ခြေရှိပါတယ်" ဟု ပြောကြားသည်။

Most Read

Most Recent