နိုင်ငံတော်သမ္မတမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစီရင်ခံစာတင်သွင်း

နိုင်ငံတော်သမ္မတမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစီရင်ခံစာတင်သွင်း
Published 3 February 2018

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့၌ ၂၀၁၇ ခုနှစ်အတွင်းက မီးရိှု့ဖျက်ဆီးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

နိုင်ငံတော်သမ္မတမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ဥပဒေကြမ်းပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ သဘောထားမှတ်ချက် လေးချက်ဖြင့် ပြန်လည်ပေးပို့လာသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ်တွင် ဥပဒေကြမ်းပူးပေါင်းကော်မတီက နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များနှင့်အညီ ပြင်ဆင်ပြဋ္ဌာန်းသင့်ကြောင်း အစီရင်ခံစာ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဥပဒေကြမ်း၏ အပိုဒ် ၁၀ တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၉ တွင် (ဂ)ပုဒ်မ ခွဲ(ဂ) ၏နောက်တွင် ပုဒ်မခွဲ(ဃ၊င၊စ၊ဆ၊ဇ၊ဈ)တို့ကို အောက်ပါအတိုင်း(င)သက်ဆိုင်ရာ ရဲအရာရှိသည် ပဏာမဆေးစစ်ချက် ခံယူရန်နှင့် ဆေးကုသမှုခံယူရန် ပျက်ကွက်သူအား စိစစ်ပြီး လိုအပ်ပါက ခံဝန်ချုပ်ချုပ်ဆိုစေသည့် အမိန့်ချမှတ်နိုင်ရန် သက်ဆိုင်ရာတရားရုံးသို့ လျှောက်ထားရမည်ဟု နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်သင့်ကြောင်း အစီရင်ခံစာ တင်သွင်းခဲ့သည်။

ထို့ပြင် ဥပဒေကြမ်း၏ အပိုဒ် ၂၁ တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၇ ၏ နောက်တွင် ပုဒ်မ ၁၇-(က)ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်။ ၁၇-(က)ဆက်သွယ်ရေးလုပ်ငန်းများမှ တာဝန်ရှိသူသည် ဗဟိုအဖွဲ့က ထုတ်ဆင့်သည့် အမိန့်ရရှိပြီးနောက် ပြစ်မှုနှင့်သက်ဆိုင်သော သတင်းအချက်အလက် မှတ်တမ်းများနှင့်စပ်လျဉ်း၍ ကြည့်ရှုစစ်ဆေးခြင်းနှင့် မိတ္တူကူးယူခြင်းတို့ကို ခွင့်ပြုရန် ငြင်းဆန်ခြင်း၊ ဖျောက်ဖျက်ခြင်း၊ ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊ ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရ ရှိဘဲထုတ်ပေးခြင်း၊ လွှဲပြောင်းပေးခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား အနည်းဆုံးသုံးနှစ်မှ အများဆုံးငါးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်ပြဋ္ဌာန်းသင့်ကြောင်း အစီရင်ခံစာ တင်သွင်းခဲ့သည်။

ဥပဒေကြမ်း၏ အပိုဒ် ၂၄ တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအခန်း ၈ ၏နောက်တွင် အခန်း ၈ (က)၊ အခန်းခေါင်းစဉ်၊ ပုဒ်မ ၂၅-က၊ခ၊ဂ တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်။ ၂၅-ဂ။ (က)ပုဒ်မ ၂၄ပုဒ်မခွဲ(က)နှင့်(ခ)တို့အရ ပြစ်မှုနှင့်သက်ဆိုင်သည့် ငွေကြေး၊ ရွှေ့ပြောင်းနိုင်သောပစ္စည်း သို့မဟုတ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပါက ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်ဟု နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်ပြဋ္ဌာန်းသင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် ယင်းဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဆွေးနွေးမည့် ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။

Most Read

Most Recent