ကျောက်ဖြူတွင် လူ ၂၀ ကျော် ခွေးရူးကိုက်ခံရပြီး နှစ်ဦး ဆေးရုံတက်ကုသနေရ

ကျောက်ဖြူတွင် လူ ၂၀ ကျော် ခွေးရူးကိုက်ခံရပြီး နှစ်ဦး ဆေးရုံတက်ကုသနေရ
Published 3 February 2018

ကျောက်ဖြူတွင် လူ ၂၀ ကျော် ခွေးရူးကိုက်ခံရပြီး နှစ်ဦး ဆေးရုံတက် ကုသနေရကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီကတည်းက စတင်ကာ ညနေ ၃ နာရီ မိနစ် ၄၀ အထိ ခွေးရူးကိုက်ခံရသည့် ကလေးငယ်များ အပါအဝင် ၂၄ ဦးရှိသွားပြီ ဖြစ်ကြောင်းနှင့် ယင်းတို့အနက် နှစ်ဦးကို အတွင်းလူနာအဖြစ် ဆေးကုသလျက် ရှိကြောင်းနှင့် ကျန်လူများအား ပြင်ပလူနာအဖြစ် ဆေးကုသပေးခဲ့ရကြောင်း ကျောက်ဖြူဆေးရုံမှ သိရသည်။

“ခွေးရူးကိုက်လို့ ဆေးရုံရောက်တာ အခုထိဆိုရင် GTC ကျောင်းအုပ်ကြီးရဲ့ကလေး အပါအဝင် ၂၄ ဦးရှိသွားပြီ။ နှစ်ယောက်တော့ ဆေးရုံတင်ထားရတယ်။ ကျန်တဲ့သူတွေကိုတော့ ပြင်ပလူနာအဖြစ် ကုသပေးထားရတယ်။ ခွေးကို အခုအထိ ဖမ်းမမိသေးတော့ ထပ်ကိုက်ခံရမှာ စိုးရိမ်ရတယ်” ဟု ဆရာဝန်တစ်ဦးက ပြောကြားသည်။

အဆိုပါ ခွေးရူးမှာ ပိုင်ရှင်မရှိဘဲ လေလွင့်နေသောခွေး ဖြစ်ကြောင်းနှင့် မြို့နယ်စည်ပင်အဖွဲ့ ဖမ်းဆီးနေသော်လည်း လက်ရှိအချိန်အထိ ဖမ်းဆီးမရသေးကြောင်း၊ ခွေးမှာ ယင်းခွေးရူးနှင့်အတူ အခြားခွေးများပါ ဒေသခံများအားကိုက်ရန် မြို့ကိုပတ်နေသဖြင့် ဒေသခံ များက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent