ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၃၄၃ ဝန်းကျင်အထိ ပြန်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၄၂၀၀ အထိ မြင့်တက်

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၃၄၃ ဝန်းကျင်အထိ ပြန်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၄၂၀၀ အထိ မြင့်တက်
Published 1 February 2018

ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၃၁ ရက်တွင် ဒေါ်လာ ၁၃၄၃ ဝန်းကျင်သို့ ပြန်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၄၂၀၀ အထိ မြင့်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် အောက်တိုဘာ ၇ ရက်တွင် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ၉၄၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ၉၃၀၆၀၀၊ အောက်တိုဘာ ၃၀ နှင့် နိုဝင်ဘာ ၁ ရက်တွင် ၉၂၉၂၀၀ အထိ ကျဆင်းခဲ့သည်။ နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀၀၀၀ အောက်တွင်သာဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ၉၃၆၂၀၀ အထိရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၆ ရက်တွင် ၉၂၆၁၀၀၊ ဒီဇင်ဘာ ၁၉ ရက်တွင် ၉၁၇၇၀၀၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀၊ ဇန်နဝါရီ ၂၅ ရက်တွင် ကျပ် ၉၅၅၇၀၀၊ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၉၄၄၂၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

ဒီဇင်ဘာလဆန်းတွင် ကမ္ဘာ့ရွှေဈေးသည် အကျပိုင်းသို့ရောက်ခဲ့ပြီး ဒီဇင်ဘာ ၈ ရက်တွင် ၁၂၄၅ ဒေါ်လာအထိ၊ ဒီဇင်ဘာ ၁၃ ရက်တွင် ဒေါ်လာ ၁၂၃၈ အထိကျဆင်းခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၁၅ ရက်တွင် ၁၂၅၄ ဒေါ်လာ၊ ဒီဇင်ဘာ ၂၉ ရက်တွင် ၁၃၀၆ ဒေါ်လာ၊ ဇန်နဝါရီ ၂ ရက်တွင် ဒေါ်လာ ၁၃၁၀၊ ဇန်နဝါရီ ၃ ရက်တွင် ၁၃၁၆ ဒေါ်လာ၊ ဇန်နဝါရီ ၅ ရက်တွင် ၁၃၂၅ ဒေါ်လာ၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၃၄၄ ဒေါ်လာ၊ ဇန်နဝါရီ ၂၅ ရက်တွင် ၁၃၆၄ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်တွင် ၁၃၃၅ ဒေါ်လာဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့သည်။

Most Read

Most Recent