ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၈၉ ပွိုင့်အောက်ပြန်ရောက်ပြီး နိုင်ငံခြားငွေလဲနှုန်း ၁၃၂၇ ကျပ်ဝန်းကျင်ရှိနေ

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၈၉ ပွိုင့်အောက်ပြန်ရောက်ပြီး နိုင်ငံခြားငွေလဲနှုန်း ၁၃၂၇ ကျပ်ဝန်းကျင်ရှိနေ
Published 1 February 2018

ဇန်နဝါရီ ၃၁ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၈၉ ပွိုင့်အောက်ပြန်ရောက်ပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၁၃၂၇ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်းသည် သုံးနှစ်ကျော်အတွင်း အနိမ့်ဆုံးနှုန်းထားအဖြစ် ဇန်နဝါရီ ၂၅ ရက်တွင် ၈၈ ဒသမ ၆၃ ပွိုင့်အထိကျဆင်းခဲ့သည်။ ပြီးခဲ့သော ဒီဇင်ဘာ ၈၊ ၁၂၊ ၁၃ ရက်တွင် ၉၄ ပွိုင့်အထက်သို့ရောက်ခဲ့သော်လည်း ဒီဇင်ဘာ ၁၈ နှင့် ၂၀ ရက်တွင် ၉၃ ပွိုင့်အောက်သို့ရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၂၉ ရက်တွင် ၉၂ ပွိုင့်အောက်စဆင်းခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်တွင် ၉၁ ပွိုင့်အောက်၊ ဇန်နဝါရီ ၂၃ ရက်တွင် ပွိုင့် ၉၀ အောက်၊ ဇန်နဝါရီ ၂၅ ရက်တွင် ၈၉ ပွိုင့်အောက်သို့ ဆက်ဆင်းခဲ့သည်။ ဇန်နဝါရီ ၂၉ ရက်တွင် ၈၉ ပွိုင့်အထက်ပြန်တက်ပြီး ဇန်နဝါရီ ၃၁ ရက်တွင် ၈၉ ပွိုင့်အောက်သို့ ပြန်ရောက်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းတွင် ၁၃၅၄ ကျပ်ဝန်းကျင်ဖြစ်ပေါ်နေရာမှ ဇန်နဝါရီ ၃ ရက်တွင် ၁၃၅၂ ကျပ်၊ ဇန်နဝါရီ ၅ ရက်တွင် ၁၃၄၉ ကျပ်၊ ဇန်နဝါရီ ၈ ရက်တွင် ၁၃၄၇ ကျပ်အထိဆက်ကျခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်တွင် ၁၃၄၇ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ဇန်နဝါရီ ၂၀ ရက်တွင် ကျပ် ၁၃၄၀၊ ဇန်နဝါရီ ၂၃ ရက်တွင် ၁၃၃၅ ကျပ်၊ ဇန်နဝါရီ ၂၄ ရက်တွင် ၁၃၃၂ ကျပ်၊ ဇန်နဝါရီ ၂၅ ရက်တွင် ၁၃၂၉ ကျပ်၊ ဇန်နဝါရီ ၂၆ ရက်တွင် ၁၃၂၇ ကျပ်၊ ဇန်နဝါရီ ၂၇ ရက်တွင် ၁၃၂၅ ကျပ်၊ ဇန်နဝါရီ ၂၉ ရက်တွင် ၁၃၂၃ ကျပ်အထိ ဆက်တိုက်ကျဆင်းခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်တွင် ၁၃၂၈ ကျပ်အထိ ပြန်တက်ခဲ့သည်။ ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း အနည်းငယ်ပြန်တက်လာသောကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၎င်း၏ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို ဇန်နဝါရီ ၃၁ ရက်၌ တစ်ဒေါ်လာ ကျပ် ၁၃၃၀ အဖြစ် ဆက်လက်သတ်မှတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent